Connect with us

Europe

ရှီ၏ ဥရောပ နှင့် လက်တင်အမေရိက ခရီးစဉ်သည် နိုင်ငံစုံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အတွက် ရည်ရွယ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez (ယာ)တို့ စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် နိုဝင်ဘာ ၂၈ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင် စပိန်နိုင်ငံတို့သည် နှစ်နိုင်ငံ ချစ်ကြည်ရေးဖွံ့ဖြိုးတိုးတက်မှု ကို ပူးတွဲမြှင့်တင်ရန် နှင့် နှစ်နိုင်ငံပြည်သူများ ထံ အကျိုးအမြတ်များ ဆောင်ကြဉ်းပေးနိုင်ရန် အတွက် သံတမန်ဆက်ဆံရေး တည်ဆောက်မှု ၄၅နှစ်ပြည့်အခမ်းအနား ပြုလုပ်ရန် နိုဝင်ဘာ ၂၈ ရက်က သဘောတူညီခဲ့ကြသည်။

စပိန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez တို့ တွေ့ဆုံစဉ် ယင်းသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရှီက တရုတ်နိုင်ငံ သမ္မတ အဖြစ် မတ်လတွင် ပြန်လည်ရွေးကောက်ခံရပြီးနောက် ပထမဆုံးအကြိမ် စပိန်နိုင်ငံသို့ လည်ပတ်ရခြင်းကို အလွန်ဝမ်းသာပါကြောင်း ပြောကြားခဲ့သည်။

တရုတ်-စပိန် သံတမန်ဆက်ဆံရေး တည်ဆောက်ပြီးကတည်းက နှစ်နိုင်ငံ ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိခဲ့ပြီး ကောင်းမွန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ခံစားခဲ့ရကြောင်း နှင့် နှစ်နိုင်ငံချစ်ကြည်ရေးသည် အမြဲထာဝရ ခိုင်မာနေဆဲနေဖြစ်ကြောင်း ရှီကပြောကြားခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် Sanchez၏ ကြိုးပမ်းမှု နှင့် ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု အတွက် ထောက်ခံမှုကို ချီးကျူးပြောကြားခဲ့ရင်း ရှီက တရုတ်နိုင်ငံသည် စပိန်နိုင်ငံ နှင့် အစဉ်အလာမပျက် ရင်းနှီးချစ်ကြည်မှုကို အမြဲတန်ဖိုးထားကြောင်း နှင့် နိုင်ငံတကာအရေးကိစ္စများတွင် စပိန်နိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍကိုလည်းအထူးအလေးထားပါကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မတူညီသော ယဉ်ကျေးမှုများ အချင်းချင်း ဆက်သွယ်ပြီး တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် သင်ယူလေ့လာနိုင်ကာ မတူညီသော လူမှုဆက်ဆံရေးစနစ်ရှိသော နိုင်ငံများအတွက် Win-Win ပူးပေါင်းဆောင်ရွက်မှုအတွက် စံပြသာဓကအဖြစ် တရုတ်-စပိန် ပြီးပြည့်စုံသော မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ကို အဓိပ္ပါယ်ပြည့်စုံစေရန် နှင့် နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုအဆင့်အား မြှင့်တင်ရန် စပိန်နိုင်ငံ နှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း သိရသည်။

ရှီ က ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု (BRI) တွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံ နှင့် စပိန်နိုင်ငံ တို့အတွက် သမိုင်း နှင့် ဘူမိဆိုင်ရာ အချက်အလက်များအပါအဝင် များစွာသော ကောင်းကျိုးများရှိနေကြောင်း၊ BRI နှင့် စပိန်နိုင်ငံ ၏ “Startegic Vision for Spain in Asia” နှင့် “Mediterranean Corridor” အကြား ကြီးမားသည့် အကျိုးရလဒ် ရရှိရန်၊ စီးပွားရေး နှင့် ကုန်သွယ်ရေးကို နီးကပ်စွာဆောင်ရွက်ရန် ၊ ပင်လယ်ဆိပ်ကမ်း၊ သင်္ဘောသွားလာမှု၊ လေကြောင်း၊ စွမ်းအင်သစ်သုံးယာဉ်များ နှင့် ငွေကြေးကဏ္ဍများကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် ပြောကြားခဲ့သည်။

သမ္မတ ရှီက နည်းပညာ နှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အမြင့်ဆုံးမြှင့်တင်ရန်၊ ပြည်သူအချင်းချင်းဖလှယ်မှု နက်ရှိုင်းစွာဆောင်ရွက်ရန်၊ ယဉ်ကျေးမှု၊ ပြည်တွင်းဧရိယာများ၊ ခရီးသွားလုပ်ငန်း၊ သတင်းကဏ္ဍ၊ ဆေးဝါးကုသမှု၊ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်မှု နှင့် အားကစားကဏ္ဍများ အားကောင်းလာစေရန် နှစ်နိုင်ငံစလုံးက လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သည် နိုင်ငံတကာအုပ်ချုပ်ရေးစနစ်မြှင့်တင်မှု၊ ရာသီဥတုပြောင်းလဲခြင်းအား ဖြေရှင်းမှု၊ အခြားသော ကမ္ဘာ နှင့် ဒေသတွင်း အရေးကြီးကိစ္စရပ်များ တွင် စပိန်နိုင်ငံ နှင့် ဆက်သွယ်မှုကို ထိန်းသိမ်းပြီး ညှိနှိုင်းဆောင်ရွက်ရန် အမြဲအသင့်ဖြစ်နေကြောင်း ရှီကပြောကြားခဲ့သည်။

၎င်းက BRI နှင့် စပိန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ အကြား ကြီးမားသော အကျိုးရလဒ်ကိုရှာဖွေခြင်း၊ ဥရောပအာရှ အပြန်အလှန်ဆက်သွယ်မှု အား ပူးတွဲမြှင့်တင်ရန်၊ ဥရောပအာရှတိုက်၏ အကျိုးစီးပွားဖြစ်ထွန်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ တရုတ်-ဥရောပ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု အတွက် မှန်ကန်သော လမ်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် စပိန်နိုင်ငံဘက်မှ ပါဝင်ဆောင်ရွက်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။

စပိန်ဝန်ကြီးချုပ် Sanchez က ရှီ၏ စပိန်ခရီးစဉ်သည် ကြီးကျယ်ခမ်းနားသော သမိုင်းဝင်အမှတ်သင်္ကေတတစ်ခုဖြစ်ကြောင်း၊ ၁၃နှစ်တာကာလအတွင်း စပိန်နိုင်ငံသို့ တရုတ်နိုင်ငံခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်၍ စပိန်-တရုတ် ဆက်ဆံရေး အတွက် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးတည်ဆောက်ခြင်း ၄၅နှစ်ပြည့်အထိမ်းအမှတ်နှင့်လည်း တိုက်ဆိုင်နေကြောင်း ပြောကြားခဲ့သည်။

၎င်းက စပိန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် ယဉ်ကျေးမှု နှင့် ပညာရေးကဏ္ဍများ နီးကပ်စွာဖလှယ်မှုတို့ မြင့်တက်လာခြင်းနှင့်အတူ အရေးပါသော ကုန်သွယ်ရေးမိတ်ဖက်များ ဖြစ်လာကြောင်း နှင့် စပိန်နိုင်ငံရှိ တရုတ်နိုင်ငံသားတို့သည်လည်း စပိန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတို့တွင် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကိုဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။

အခြေအနေသစ်အောက်တွင် စပိန်နိုင်ငံသည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးတက်လာစေရန်၊ တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဖလှယ်မှုများ တိုးချဲ့လုပ်ကိုင်ရန် အသင့်ရှိနေကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု တွင် စပိန်နိုင်ငံက တက်ကြွစွာ ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Sanchez ကပြောကြားခဲ့သည်။

ဆွေးနွေးပြောဆိုမှုများအပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် ယဉ်ကျေးမှု၊ စီးပွားရေး၊ ပြည်သူများ၏ စားဝတ်နေရေး၊ အဆင့်မြင့်ပစ္စည်းများ၊ တယ်လီကွန်းဆက်သွယ်ရေး၊ တတိယဈေးကွက်များ ပူးပေါင်းဆောင်ရွက်မှု၊ ပညာရေး နှင့် ငွေကြေးကိစ္စရပ်များအပါအဝင် အခြားသော နယ်ပယ်များ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စာချုပ်စာတမ်းများလက်မှတ်ရေးထိုးမှုကို ကြည့်ရှုခဲ့ကြသည်။

နှစ်ဖက်စလုံးသည် ခေတ်သစ်တွင် ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းစေရန် နှင့် ပတ်သက်၍လည်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Highlights

ရှီ၏ ဥရောပ နှင့် လက်တင်အမေရိက ခရီးစဉ်သည် နိုင်ငံစုံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အတွက် ရည်ရွယ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez (ယာ)တို့ စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် နိုဝင်ဘာ ၂၈ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင် စပိန်နိုင်ငံတို့သည် နှစ်နိုင်ငံ ချစ်ကြည်ရေးဖွံ့ဖြိုးတိုးတက်မှု ကို ပူးတွဲမြှင့်တင်ရန် နှင့် နှစ်နိုင်ငံပြည်သူများ ထံ အကျိုးအမြတ်များ ဆောင်ကြဉ်းပေးနိုင်ရန် အတွက် သံတမန်ဆက်ဆံရေး တည်ဆောက်မှု ၄၅နှစ်ပြည့်အခမ်းအနား ပြုလုပ်ရန် နိုဝင်ဘာ ၂၈ ရက်က သဘောတူညီခဲ့ကြသည်။

(more…)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.