Connect with us

Europe

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် စပိန်နိုင်ငံသို့ရောက်ရှိလာ

စပိန်နိုင်ငံ မက်ဒရစ်မြို့ သို့ ရောက်ရှိလာသော တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် နှင့် ဇနီးဖုန်းလိယွမ်တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

မက်ဒရစ် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှင့် အစဉ်အလာချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန် သုံးရက်ကြာ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက်တွင် စပိန်နိုင်ငံသို့ရောက်ရှိလာခဲ့သည်။

ယင်းမှာ တရုတ်နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် ၁၃ နှစ်တာကာလအတွင်း စပိန်နိုင်ငံသို့ပထမဆုံးအကြိမ်လာရောက်လည်ပတ်သည့် ခရီးစဉ်တစ်ခုဖြစ်သည်။

စပိန်နိုင်ငံ လေပိုင်နက်သို့ချဉ်းနှင်းဝင်ရောက်လာသော သမ္မတရှီကျင့်ဖိန်၏ လေယာဉ်ကြီးအား စပိန်ဂျက်တိုက်လေယာဉ်နှစ်စင်းက ဝန်းရံ၍ လိုက်ပါပေးခဲ့ကြောင်း သိရသည်။

သမ္မတရှီ နှင့် ဇနီးဖုန်းလိယွမ် တို့အား မက်ဒရစ်လေဆိပ်တွင် စပိန်နိုင်ငံ အစိုးရအဆင့်မြင့်အရာရှိကြီးများက ခရီးဦးကြိုပြုခဲ့ကြသည်။၎င်းတို့နှစ်ဦးအား စပိန်ကလေးငယ်များက ပန်းစည်းဆက်ကြိုဆိုခြင်းများလည်း ပြုလုပ်ခဲ့သည်။

ခရီးရောက်ရောက်ခြင်းမှာပင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ နှင့် စပိန်နိုင်ငံတို့သည် ရှေးအခါကတည်းက ကုန်းလမ်း နှင့် ပင်လယ်ရေကြောင်းဆိုင်ရာပိုးလမ်းမ ကုန်သွယ်မှုများ ရှိခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြား သမိုင်းရှည်ကြာစွာ အပြန်အလှမ်ဖလှယ်မှုများ ရှိခဲ့ကြောင်း မှတ်ချက်စကားဆိုခဲ့သည်။

နှစ်နိုင်ငံသည် ၂ဝဝ၅ ခုနှစ်မှစတင်ကာ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြောင်း နှင့် နှစ်ဖက်ဆက်ဆံရေးများ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အဆင့်သစ်တစ်ခုကို ရောက်ရှိလာခဲ့ကြောင်း ရှီက ဆိုသည်။

ယခုအခါ တရုတ် နှင့် စပိန် နှစ်နိုင်ငံစလုံးသည် ပြုပြင်ပြောင်းလဲမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးသော အဆင့်တစ်ခုသို့ရောက်ရှိနေကြောင်း ရှီက ပြောကြားခဲ့ပြီး ယင်းမှာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက်သာမက ကမ္ဘာ့ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက်ဖြစ်ကြောင်း ၊ ဘုံဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် နှင့် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် ၊ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို ခိုင်မာအောင်ဆောင်ရွက်ရန် နှစ်နိုင်ငံဆက်ဆံရေးကို နက်ရှိုုင်းစွာ တည်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်သည့် ၄၅ နှစ်မြောက် အခါသမယတွင်လည်း ကျရောက်နေသည်။

စပိန်နိုင်ငံသည် သမ္မတရှီ၏ ဥရောပတိုက် နှင့် လက်တင်အမေရိကတိုက် ခရီးစဉ်အတွင်း ပထမဆုံး ခရီးတစ်ထောက်ရပ်နားသည့် နိုင်ငံဖြစ်သည်။ ယင်းမှတဆင့်ရှီသည် အာဂျင်တီးနား ၊ ပနားမား နှင့် ပေါ်တူဂီ နိုင်ငံများသို့သွားရောက်လည်ပတ်ရန် ရှိသည်။

သမ္မတရှီသည် အာဂျင်တီးနားနိုင်ငံဗျူနိုအဲရစ်မြို့တွင်ကျင်းပမည့် ၁၃ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.