Europe
လန်ဒန်မြို့ ရှိ ဘူတာရုံတွင် ပေါက်ကွဲမှုအသေးစားတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၅ဦး ထိခိုက်ဒဏ်ရာရရှိ
လန်ဒန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
လန်ဒန်မြို့မြောက်ပိုင်း ရှိ ဘူတာရုံတစ်ခု တွင် ပေါက်ကွဲမှုအသေးစားတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
Southgate ဘူတာရုံတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃ဦးကို အခင်းဖြစ်ပွားရာ၌ပင် ကုသပေးခဲ့ပြီး ကျန် ၂ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လန်ဒန်အရေးပေါ်လူနာတင်ယာဉ်ဌာန ကပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ယင်းဖြစ်ရပ်သည် အကြမ်းဖက်မှုနှင့် ဆက်စပ်နေခြင်းမရှိကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
တာဝန်ရှိသူများသည် သံသယရှိဖွယ်အထုပ်တစ်ထုပ်အား စစ်ဆေးနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာ ကြီးကြီးမားမား ရရှိခြင်းမရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
Southgate ဘူတာရုံတွင် ရဲအရာရှိများ ရောက်ရှိနေပြီး ဇွန်လ ၁၉ ရက် ၁၉း၀၃နာရီတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က တွစ်တာ၌ရေးသားခဲ့သည်။
ဘူတာရုံသို့ ရဲတပ်ဖွဲ့များ၊ လူနာတင်ယာဉ်တစ်စီး၊ လုံခြုံရေးတပ်ဖွဲ့များ နှင့် အနံ့ခံခွေးများ ရောက်ရှိနေပြီး ဘူတာရုံအားပိတ်ထားကြောင်း သိရသည်။ (Xinhua)