Connect with us

Europe

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကိုရီးယားကျွန်းဆွယ်အရေး ရုရှားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ဆွေးနွေးမည်

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်၏ ခရီးစဉ်အတွင်း ရုရှားနှင့် တောင်ကိုရီးယား တာဝန်ရှိသူများက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကိုရီးယားကျွန်းဆွယ်ရေး ဆွေးနွေးကြမည် ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Igor Morgulov က ဇွန်လ ၁၉ ရက်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အာရှမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယမြောက် အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့ တောင်ကိုရီးယားနဲ့အတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားမယ်။ ကိုရီးယားကျွန်းဆွယ်အရေး အမြင်ချင်းဖလှယ်သွားမယ်” ဟု Morgulov က သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက မွန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်ဖြင့် ဇွန်လ ၂၁ ရက်မှ ၂၃ ရက်အထိ ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည် ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ကြေညာခဲ့သည်။ အဆိုပါ ခရီးကို တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်ကလည်း အတည်ပြုခဲ့သည်။

ကရင်မလင်နန်းတော်၏ အဆိုအရ နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှု နယ်ပယ်များတွင် ရုရှား-တောင်ကိုရီးယား ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဇွန်လ ၂၂ ရက်တွင် အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.