Europe
လန်ဒန် မြေအောက် ရထားဘူတာရုံ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ကြောင်း သံသယရှိသူ အသက် ၁၈ နှစ်အရွယ် အမျိုးသားအား ဖမ်းဆီး

လန်ဒန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ Dover မြို့တွင် အသက် ၁၈ နှစ်အရွယ်အမျိုးသား တစ်ဦးအား စက်တင်ဘာလ ၁၅ ရက်က လန်ဒန်မြို့ မြေအောက် ရထားဘူတာရုံ ပေါက်ကွဲမှုနှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိမှုဖြင့် စက်တင်ဘာလ ၁၆ ရက်တွင် ဗြိတိန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် လန်ဒန် အနောက်ပိုင်းရှိ Parsons Green မြေအောက်ဘူတာရုံအား စက်တင်ဘာလ ၁၆ ရက် အစောပိုင်းတွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ယင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)