Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
သမ္မတရှီ၏ အလည်အပတ်ခရီးစဉ်သည် တရုတ်-ပေါ်တူဂီဆက်ဆံရေးအတွက် သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း တရုတ်သံအမတ်ကြီးပြောကြား - Xinhua News Agency
Connect with us

Europe

သမ္မတရှီ၏ အလည်အပတ်ခရီးစဉ်သည် တရုတ်-ပေါ်တူဂီဆက်ဆံရေးအတွက် သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း တရုတ်သံအမတ်ကြီးပြောကြား

ပေါ်တူဂီနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Cai Run(ဝဲ) အား ဆင်ဟွာသတင်းဌာနမှ တွေ့ ဆုံမေးမြန်းစဉ်(ဆင်ဟွာ)

လစ္စဘွန်း ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ပေါ်တူဂီနိုင်ငံသို့အလည်အပတ်ခရီးစဉ်သည် တရုတ်-ပေါ်တူဂီနှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် စာမျက်နှာသစ်တစ်ခုဖွင့်လှစ်နိုင်လိမ့်မည်ဖြစ်ကြောင်း ပေါ်တူဂီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Cai Run က ဆိုသည်။

ယင်းမှာတရုတ်နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် ၈ နှစ်တာကာလအတွင်း ပေါ်တူဂီနိုင်ငံသို့ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသမ္မတအဖြစ် ရာထူးတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရှီ၏ ပထမဆုံးအကြိမ် ပေါ်တူဂီနိုင်ငံသို့လာရောက်လည်ပတ်ခြင်းပင်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်သော အင်တာဗျူးတွင် Cai ကဆိုသည်။

တရုတ်-ပေါ်တူဂီနှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုသည် သမိုင်းတစ်လျှောက် နှစ်ပေါင်း ၅ဝဝ ကျော်ကတည်းက တည်ရှိခဲ့ပြီးအပြန်အလှန်ဖလှယ်ခဲ့ကြကြောင်း Cai ကဆိုသည်။ ရှေးဟောင်းပင်လယ်ရေကြောင်းပိုးလမ်းသည် တရုတ် နှင့် ပေါ်တူဂီပြည်သူများကို နီးကပ်စွာချိတ်ဆက်ပေးခဲ့ပြီး ယင်းက ၎င်းတို့နှစ်ဖက်အကြားအပြန်အလှန်နားလည်မှု နှင့် နက်ရှိုင်းစွာချစ်ကြည်ရင်းနှီးမှုအတွက် ကူညီပေးခဲ့ကြောင်း တရုတ်သံအမတ်ကြီးက ဆိုသည်။

၁၉၇၉ ခုနှစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ချိန်မှ စတင်ကာ နှစ်နိုင်ငံအကြား နယ်ပယ်ကဏ္ဍစုံတွင် ချစ်ကြည်ရင်းနှီးစွာအပြန်အလှန်ဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများထိန်းသိမ်းကာ တည်ငြိမ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုတစ်ခု တည်ဆောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

တရုတ်-ပေါ်တူဂီ ဆက်ဆံရေးများသည် သမိုင်းတွင် အကောင်းဆုံးရှိခဲ့ကြောင်း ၊ နှစ်ဖက်အကြား နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှုကို နက်ရှိုုင်းစွာဆက်လက်တည်ဆောက်ခဲ့ကြောင်း နှင့် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် အပြန်အလှန်ဖလှယ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မကြာသေးခင်နှစ်များက တရုတ်-ပေါ်တူဂီ စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နက်ရှိုုင်းစွာဆက်လက်တည်ရှိခဲ့သလို အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့သည်။ တရုတ်နိုင်ငံသည် အာရှတိုက်တွင် ပေါ်တူဂီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း ၊ တစ်ချိန်တည်းမှာပင် ပေါ်တူဂီနိုင်ငံသည် ဥရောပသမဂ္ဂနိုင်ငံအနက် တရုတ်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုအများဆုံးသွားရောက်ပြုလုပ်ရာ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်းသိရသည်။

တရုတ်-ပေါ်တူဂီ ကုမ္ပဏီများ လက်ချင်းချိတ်ကာ ဥရောပတိုက် နှင့် အမေရိကတိုက်များအပါအဝင် ပေါ်တူဂီစကားပြောနိုင်ငံများတွင် ဈေးကွက်များ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခဲ့ကြောင်း Cai ကဆိုသည်။ ၎င်းတို့အနေဖြင့် တတိယနိုင်ငံဈေးကွက်များတွင်လည်း အလားတူပိုမိုပူးပေါင်းဆောင်ရွက်ကြရန် ကျယ်ပြန့်သောအလားအလာရှိနေကြောင်း Cai က ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ် နှင့် ပေါ်တူဂီ နှစ်ဖက်အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးသည် ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ ရှိကြောင်းသိရသည်။ ကနဦးအချက်အလက်များအရ ပေါ်တူဂီနိုင်ငံ၌ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုပမာဏသည် ယူရို ၉ ဘီယီယံ( အမေရိကန်ဒေါ်လာ ၁၀.၂ ဘီလီယံ) ကိုပင်ကျော်နေပြီး စွမ်းအင် ၊ လျှပ်စစ် ၊ ဘဏ် ၊ အာမခံ နှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အလားတူပင် တရုတ်နိုင်ငံ၌ ပေါ်တူဂီနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည်လည်း တည်ငြိမ်စွာ မှန်မှန်တိုးတက်လာနေသည်။ လက်ရှိတွင် ပေါ်တူဂီနိုင်ငံအစိုးရက တရုတ်နိုင်ငံတွင် renminbi-denominated bonds စနစ် အာမခံလုပ်ငန်းအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ပေါ်တူဂီနိုင်ငံသည် ယူရိုငွေကြေးသုံးနိုင်ငံများအနက် ပထမဆုံးနိုင်ငံအနေဖြင့် အဆိုပါ အာမခံစာချုပ်ကို လုပ်ဆောင်မည့် နိုင်ငံဖြစ်လာရန် မျှော်လင့်ရသည်။

ယဉ်ကျေးမှုဖလှယ်ခြင်း နှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်-ပေါ်တူဂီနှစ်နိုင်ငံအကြား အောင်မြင်စွာ ဆက်လက်တိုးတက်လာနေသည်။ ယခင်နှစ်က တရုတ်ခရီးသွား ၂၅ဝ,ဝဝဝ ကျော် ပေါ်တူဂီနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၄ဝ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာနေသည်။ တစ်ချိန်တည်းမှာပင် ပေါ်တူဂီပြည်သူများသည် တရုတ်နိုင်ငံသို့လာရောက်ရန် နှင့် တရုတ်ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှုမြင့်တက်လာနေသည်။ ယခုနှစ်တွင် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်သော ပေါ်တူဂီခရီးသွားသည် ယခင်နှစ်ဖြင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံတွင် တရုတ်ဘာသာရပ်လေ့လာနေသော ကျောင်းသားအရေအတွက်သည်လည်း တစ်နှစ်ထက်တစ်နှစ်တိုးတက်လာနေသည်။ တစ်ချိန်တည်းမှာပင် ပေါ်တူဂီတွင် ပညာသွားရောက်သင်ယူနေသော တရုတ်ကျောင်းသားအရေအတွက်သည်လည်း မြင့်တက်လျက်ရှိကြောင်း Cai က ဆိုသည်။

တရုတ်-ပေါ်တူဂီ နှစ်နိုင်ငံအကြား လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုသည် အပြည့်အဝ ရှေ့ဆက်နေပြီး ယင်းမှာ နှစ်နိုင်ငံဆက်ဆံရေးတွင် win-win ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်အကျိုးပြုမှုကို ဖော်ဆောင်နေသောနိုင်ငံများအတွက် စံပြတစ်ခုဖြစ်လာနေကြောင်း Cai ကပြောသည်။

တရုတ်-ပေါ်တူဂီ ပူးပေါင်းဆောင်ရွက်မှုသည် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (BRI) မူဘောင်အောက်တွင်ရှေ့ဆက်သွားနေပြီး အောင်မြင်မှုအသစ်များလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

ပေါ်တူဂီနိုင်ငံသည် BRI တည်ဆောက်မှုတွင် အရေးပါသောမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း နှင့် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) တည်ဆောက်မှုတွင် အစပြုခဲ့သောအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ပေါ်တူဂီနိုင်ငံသမ္မတ Marcelo Rebelo de Sousa နှင့် ဝန်ကြီးချုပ် Antonio Costa နှစ်ဦးစလုံးသည် ပေါ်တူဂီနိုင်ငံအနေဖြင့် BRI ကို ထောက်ခံကြောင်းရှင်းလင်းစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး BRI မူဘောင်အောက်တွင် ကဏ္ဍစုံ၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တရုတ်-ပေါ်တူဂီနှစ်နိုင်ငံအကြား ပိုမိုလုပ်ဆောင်နိုင်လိမ့်မည်မျှော်လင့်ကြောင်း Cai ကပြောကြားခဲ့သည်။

ပေါ်တူဂီနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့နှင့် ပေါ်တူဂီစကားပြောနိုင်ငံများအသိုင်းအဝိုင်း တွင် အရေးပါသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၎င်းသည် တရုတ်-ဥရောပဆက်ဆံရေး နှင့် တရုတ်-ပေါ်တူဂီစကားပြောနိုင်ငံများအကြားဆက်ဆံရေးများတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ အမြဲတမ်းပါဝင်ခဲ့ကြောင်း Cai ကဆိုသည်။

သမ္မတရှီကျင့်ဖိန်၏ ပေါ်တူဂီနိုင်ငံအလည်အပတ်ခရီးစဉ်သည် တရုတ်-ဥရောပဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အသေအချာဆောင်ကြဉ်းနိုင်လိမ့်မည်ဖြစ်ကြောင်း နှင့် BRI မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုအတွက် နယ်ပယ်သစ်ချဲ့ထွင်နိုင်လိမ့်မည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ယုံကြည်ထားသည်။

“ ရင်ဘတ်ချင်းအပ် ချစ်ကြည်ရင်းနှီးတဲ့မိတ်ဆွေတွေက ဝေးကွာမှုကို ကွယ်ပျောက်အောင်လုပ်နိုင်တယ်” ဟူသော တရုတ်ကဗျာတစ်ပုဒ်ထဲမှ ကောက်နုတ်ချက်တစ်ခုကို ကိုးကား၍ Cai ကပြောကြားခဲ့သည်။ တရုတ် နှင့် ပေါ်တူဂီ နိုင်ငံ တို့သည် နယ်မြေချင်း အလှမ်းဝေးကွာနေပေမယ့် နှစ်နိုင်ငံပြည်သူများသည် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြောင်း၊ မိတ်ဆွေသူငယ်ချင်းစိတ်ကို ဆုပ်ကိုင်ထားကြောင်း ၊ မိသားစုကို အလေးထားတန်ဖိုးထားကြောင်း နှင့် အတူတကွမျှဝေခံစားတက်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်-ပေါ်တူဂီ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာစေရန် ချစ်ကြည်ရင်းနှီးမှု နှင့်အပြန်အလှန် အကျိုးပြုမှုတစ်ခု အခြေခံမှာ နှစ်ဖက်ပြည်သူများ၏ ဘုံမျှော်မှန်းချက်ကို လုပ်ဆောင်သွားရန်သာဖြစ်ကြောင်း Cai ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.