Connect with us

Europe

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် ဘုံရပ်တည်ကြရန် BRICS ခေါင်းဆောင်များ ကြေညာ

တရုတ်နိုင်ငံ့သမ္မတ ရှီကျင့်ဖိန် (ယာဘက်ဒုတိယမြောက်) နှင့် BRICS အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ဖွံ့ဖြိုးဆဲနိုင်ငံများအဖွဲ့ (BRICS) ခေါင်းဆောင်များက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပြုပြင်ပြောင်းလဲမှုအပေါ် ၎င်းတို့ ဘုံရပ်တည်မှုကို နိုဝင်ဘာလ ၃၀ ရက်က ကြေညာခဲ့ကြသည်။

ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိနိုင်ငံ ခေါင်းဆောင်တို့သည် Group of 20 (G20) ထိပ်သီးအစည်းအဝေးနှင့်တွဲလျက်ပြုလုပ်သော အစည်းအဝေးတွင် တွေ့ဆုံကြပြီးနောက် ယခုကဲ့သို့ တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခေါင်းဆောင်များက WTO ၏ ဗဟိုတန်ဖိုးများနှင့် အခြေခံမူများကို ထိန်းသိမ်းစောင့်ရှောက်ရန် သဘောတူခဲ့ပြီး WTO အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအားလုံး၊ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံချင်းစီ၏ အကျိုးစီးပွားများကို အကောင်အထည်ဖော်သင့်ကြောင်း ကြေညာချက်တွင် သဘောတူဖော်ပြခဲ့ကြသည်။ (Xinhua)