Connect with us

Europe

သြစတြီးယား တိရစ္ဆာန်ရုံ၌ ၁၆နှစ်သား ပန်ဒါတစ်ကောင်သေဆုံး

ပန်ဒါ လုံဟွေအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

သြစတြီးယား၊ ဒီဇင်ဘာ ၁၀ရက် (ဆင်ဟွာ)

သြစတြီးယားနိုင်ငံ Viennaမြို့ရှိ Schonbrunn တိရစ္ဆာန်ရုံတွင် ဒီဇင်ဘာ ၉ရက်က လုံဟွေအမည်ရှိ အသက် ၁၆နှစ်အရွယ် ပန်ဒါတစ်ကောင်အား အရေးပေါ်ဆေးကုသမှုပြုလုပ်နေစဉ် သေဆုံးခဲ့ကြောင်း တိရစ္ဆာန်ရုံကပြောကြားခဲ့သည်။

ဒီဇင်ဘာ ၆ရက်တွင် အဆိုပါ ပန်ဒါအထီးအား ဓါတ်မှန်ရိုက်ကြည့်ခဲ့ရာမှ ၎င်း၏ ဝမ်းဗိုက်အတွင်း၌ ၁၀စင်တီမီတာအရွယ်ရှိ ကင်ဆာအကျိတ်တစ်ခုအား တွေ့ရှိခဲ့ကြောင်း တိရစ္ဆာန်ရုံ၏ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

တိရစ္ဆာန်ရုံဆရာဝန် Thomas Voracek က လုံဟွေအား CT စကင်ရိုက်ရန် ဆုံးဖြတ်ချက်မချခင် ခွဲစိတ်မှုလုပ်သင့်၊မလုပ်သင့် တရုတ်နိုင်ငံရှိ ကျွမ်းကျင်ပညာရှင်များ နှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ပန်ဒါလုံဟွေအား မေ့ဆေးပေးထားစဉ် နှလုံးခုန်ရပ်သွားခဲ့ကြောင်း နှင့် ၎င်း၏ အဆုတ်တွင် ကင်ဆာဆဲလ်များ ပျံ့နှံ့နေပြီဖြစ်၍ ကင်ဆာအကျိတ်အား ကုသရန် မဖြစ်နိုင်တော့ကြောင်းကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တိရစ္ဆာန်ရုံက ပန်ဒါသည် ကျန်းမာရေးအလျင်အမြန်ယိုယွင်းလာသည့် ပုံစံများပြသလာ၍ နိုဝင်ဘာလလယ် ကတည်းက အထူးကြပ်မတ်ကာ ဆေးကုသမှုပေးနေရကြောင်း ပြောကြားခဲ့သည်။

တိရစ္ဆာန်ရုံ ဒါရိုက်တာ Dagmar Schratter က လုံဟွေသေဆုံးသွားခြင်းအား ယခုထက်ထိ မယုံကြည်နိုင်သေးကြောင်း နှင့် လုံဟွေသည် ၎င်းတို့အား ထားသွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

လုံဟွေသည် ပန်ဒါကြီးမျိုးဖြစ်ကာ ၂၀၀၀ခုနှစ် စက်တင်ဘာ ၂၆ရက်တွင် တရုတ်နိုင်ငံ ဝေါလုံအမျိုးသားဘေးမဲ့တော၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး Vienna တိရစ္ဆာန်ရုံသို့ ၂၀၀၃ခုနှစ် မတ်လ တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.