Connect with us

Europe

အစ္စရေး၌ လောင်ကျွမ်းနေသော တောမီးမုန်တိုင်းကို ကူညီငြှိမ်းသတ်ရန် နက်တန်ယာဟု တောင်းဆိုချက်ကို ဆိုက်ပရက်စ် လက်ခံ

အစ္စရေးနိုင်ငံ၌ တောမီးမုန်တိုင်းလောင်ကျွမ်းနေသည်ကို ဝိုင်းဝန်းငြှိမ်းသတ်နေစဉ်(ဆင်ဟွာ)

နီကိုရှား ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ၌ အရှိန်ပြင်းစွာဖြင့် နိုဝင်ဘာလ ၂၁ ရက်က စတင် လောင်ကျွမ်းခဲ့သော တောမီးမုန်တိုင်းကို ကူညီငြှိမ်းသတ်ပေးရန် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟု ၏ တောင်းဆိုချက်ကို ဆိုက်ပရက်စ်နိုင်ငံက လက်ခံခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဆိုက်ပရက်စ်သစ်တောဌာန ညွှန်ကြားရေးမှူး Takis Tsintides က မီးသတ်လေယာဉ်များသည် အစ္စရေးနိုင်ငံတွင် နေ့တစ်ဝက်ကြာ မီးငြှိမ်းသတ်မှုကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။အစ္စရေးနိုင်ငံ အလယ်ပိုင်း ၊ မြောက်ပိုင်း နှင့် အနောက်ဖက်ကမ်းဒေသတို့တွင် လောင်ကျွမ်းနေသော မီးမုန်တိုင်းသည် နေအိမ်ပေါင်းများစွာကို ဝါးမျိုသွားပြီဖြစ်ကြောင်း ၊ အစ္စရေးမီးသတ်တပ်ဖွဲ့အနေဖြင့် နိုဝင်ဘာလ ၂၁ ရက်က စတင်လောင်ကျွမ်းခဲ့သော မီးမုန်တိုင်းကို ငြိမ်းသတ်ရန် လေပြင်းတိုက်ခတ်နေသဖြင့် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ခြင်းတို့ကြောင့် အစ္စရေးဝန်ကြီးချုပ်သည် အိမ်းနီးချင်းနိုင်ငံများကို အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံသည် ပြီးခဲ့သော ဇွန်လက ဆိုက်ပရက်စ်နိုင်ငံ၌ အကြီးအကျယ်လောင်ကျွမ်းခဲ့သော တောမီးကို ကူညီငြှိမ်းသတ်ပေးရန် မီးသတ်လေယာဉ် ၄ စင်းပို့ဆောင်ပေးခဲ့သည်။အဆိုပါ ဆိုက်ပရက်စ်တောမီးကြောင့် Troodos အလယ်ပိုင်းရှိ တောင်ပေါ်ရွာပေါင်းများစွာသည် မီးဝါးမျိုခြင်း ခြိမ်းခြောက်ခံခဲ့ရကြောင်း သိရသည်။ဆိုက်ပရက်စ်နိုင်ငံသည် အစ္စရေးတောမီးမုန်တိုင်းကို ငြှိမ်းသတ်ပေးရန် နောက်ထပ် မီးသတ်လေယာဉ်ကို ပို့ဆောင်ပေးရန် စီစဉ်ထားသော်လည်း အဆောတလျင်ပြုလုပ်မည်မဟုတ်ကြောင်း ၊ အကြောင်းမှာနိုင်ငံခြားသား လေယာဉ်မှူးနှစ်ဦးသည် ၎င်းတို့နေရပ်နိုင်ငံများသို့ခွင့်ရက်ပြန်နေခြင်းကြောင့်ဖြစ်ကြောင်း Tsintides က ဆိုသည်။

ဆိုက်ပရက်စ်နိုင်ငံသည် နွေရာသီတောမီးငြှိမ်းသတ်ရေး လေ့ကျင့်ခန်းပြုလုပ်ရန် ရုရှားနိုင်ငံထံမှ ရဟတ်ယာဉ် လေးစင်း နှင့် ရေဖြန်းလေယာဉ်တစ်စင်းကို ငှားရမ်းထားသည်။ဆိုက်ပရက်စ် နှင့် အစ္စရေး နှစ်နိုင်ငံစလုံးသည် အခြားဒေသတွင်းနိုင်ငံများနည်းတူ ယခုနှစ်တွင် နွေရာသီ၌ ပုံမှန်မဟုတ်သော ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံစားနေရသည်။ဆိုက်ပရက်စ်နိုင်ငံတွင် အောက်တိုဘာလတွင် မိုးအနည်းငယ်သာ ရွာသွန်းခဲ့သလို နိုဝင်ဘာလတွင်လည်း မိုးရွာသွန်းမှု အင်မတန်နည်းပါးခဲ့ပြီး နှစ်ပေါင်း ၁၅ဝ အတွင်း မိုးရွာသွန်းမှုအနည်းဆုံးလများအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။အစ္စရေးတောမီးမုန်တိုင်းကို ကူညီငြှိမ်းသတ်ပေးရန် ရုရှားနိုင်ငံသည် B-200 လေယာဉ် နှစ်စင်းပို့ဆောင်ပေးမည်ဖြစ်ကြောင်း နှင့် လေယာဉ်တစ်စင်းလျှင် ရေလီတာ ၁၃,ဝဝဝ သယ်ဆောင်နိုင်ကြောင်း နှင့် မီးဆွယ်ချိုးပေးနိုင်ကြောင်း ရုရှားနိုင်ငံသမ္မတ ပူတင်က နက်တန်ယာဟု အားပြောကြားခဲ့သည်။ထို့ပြင် အစ္စရေးနိုင်ငံက ခရိုအေးရှား၊ ဂရိ ၊ ဆိုက်ပရက်စ် နှင့် အီတလီနိုင်ငံတို့ကိုလည်း မီးသတ်လေယာဉ်များ ပို့ဆောင်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.