Connect with us

Europe

ဘူလ်ဂေးရီးယားတွင် နိုင်ငံပိုင် ပစ္စည်းများ ဖျက်ဆီးမှုဖြင့် ရွှေ့ပြောင်း ဒုက္ခသည် ၄၀ကျော်အား ဖမ်းဆီးထိန်းသိမ်း

ဘူလ်ဂေးရီးယားနိုင်ငံ ဟာမန်လီမြို့ တွင် ခိုလှုံခွင့်ပေးထားသည့် ရွှေ့ပြောင်းဒုက္ခသည်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုဖီယာ၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ နယ်စပ်နှင့် ထိစပ်လျက်ရှိသော ဘူလ်ဂေးရီးယားနိုင်ငံ ရှိ ဟာမန်လီမြို့ ၏ မှတ်ပုံတင်နှင့် ဧည့်ခံရေးစင်တာ တွင် နိုဝင်ဘာ ၂၄ရက်က နိုင်ငံပိုင် ပစ္စည်းများအားအကြောင်းမဲ့ ဖျက်ဆီးမှုဖြင့် ရွှေ့ပြောင်း ဒုက္ခသည် ၄၀ကျော်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ည ၈း၀၀နာရီ နောက်ပိုင်း၌ စင်တာအတွင်း နေရာချထားပေးသည့် ဒုက္ခသည်များအကြား မကျေနပ်မှုများ အလိုအလျောက်ဖြစ်ပေါ်လာကာ နိုင်ငံပိုင်ပစ္စည်းများ ဖျက်ဆီးခံခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။ရဲဝန်ထမ်းများသည် မီးသတ်ပိုက်များ နှင့်ရော်ဘာ ကျည်ဆန်များကို အသုံးပြု၍ လူစုအားဖြိုခွဲခဲ့ရကြောင်း ထုတ်ပြန်ချက်အရသိရသည်။ထုတ်ပြန်ချက်၌ ယခုအခါ အခြေအနေများအား ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။လက်ရှိတွင် ဆီးရီးယားနိုင်ငံ၊ အီရတ်နိုင်ငံ နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ ရွှေ့ပြောင်းဒုက္ခသည် ၃,၀၀၀ ခန့် စင်တာအတွင်း ခိုလှုံနေကြကြောင်း သိရသည်။၎င်းတို့အား စင်တာအတွင်းမှ အပြင်ထွက်ခြင်းအား တားမြစ်ထား၍ ယခုကဲ့သို့ ဆူပူထကြွကြခြင်းဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.