Europe
အမေရိကန် နိုင်ငံ ၏ အီရန် နျူကလီးယား သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ခြင်း အပေါ် ဂျာမနီ ဝန်ကြီးချုပ် ဝေဖန်
ဘာလင် ၊ မေ ၁၂ ရက် (ဆင်ဟွာ)
ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ် က အမေရိကန် နိုင်ငံ ၏ အီရန် နျူကလီးယား အရေး ဘက်စုံသဘောတူညီမှု စာချုပ် မှ နုတ်ထွက်ရန် ဆုံးဖြတ် ခဲ့ခြင်း သည် နိုင်ငံတကာ ယုံကြည်မှု စည်းစနစ် ကို ချိုးဖောက်ရာရောက်ပြီး ဂျာမနီ နိုင်ငံ အနေဖြင့် ဆက်လက် နိုင်ငံတကာ ပူပေါင်းဆောင်ရွက်မှု ကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့ တွင် ပြောကြား ခဲ့သည်။
မာကယ် က အမေရိကန် နိုင်ငံ ၏ ဆောင်ရွက်မှု သည် နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် ဆိုးရွားသည့် နစ်နာမှု တစ်ခု ဖြစ်စေခဲ့ပြီး ယင်းဆုံးဖြတ်ချက်သည် လွန်စွာ အံ့အားသင့်ဖွယ်ကောင်းပြီး ဝမ်းနည်းဖွယ်ကောင်းကြောင်း ၊ အမေရိကန် နိုင်ငံ ၏ ပဲရစ် သဘောတူညီချက် မှ နုတ်ထွက်ခြင်းသည်လည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ အတွက် ဖိအား ဖြစ်ပွား လာစေကြောင်း ၊ အမေရိကန် နိုင်ငံ ၏ နုတ်ထွက်မှုအောက်တွင် အီရန် နိုင်ငံ အနေဖြင့် သဘောတူညီချက် အား ဆက်လက် လိုက်နာခြင်း ရှိမရှိ ကိုမူ ဆောင့်ကြည့်ရမည် ဖြစ်ကြောင်း ၊ ဂျာမနီ နိုင်ငံ အနေဖြင့် ခက်ခဲသော အချိန်ကာလ တွင်လည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၈ ရက်နေ့၌ အီရန် နျူကလီးယား သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပြီး နောက်တွင် ဂျာမနီ နိုင်ငံ အနေဖြင့် အရေးပေါ် နိုင်ငံခြားရေး လှုပ်ရှားမှု များကို ဆောင်ရွက်ခဲ့သည်။ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာချက် ထွက်ရှိပြီးနောက် တစ်နေ့တည်းတွင် ဂျာမနီ ၊ ပြင်သစ် နှင့် ဗြိတိန် နိုင်ငံ တို့က ဆက်လက်၍ သဘောတူညီချက် တွင် ပါဝင်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။ မေလ ၁၀ ရက်နေ့ ညနေပိုင်း အချိန်တွင် ဂျာမနီ ဝန်ကြီးချုပ် က အီရန် နိုင်ငံ သမ္မတ ထံသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာ တွင် အီရန် နိုင်ငံ အနေဖြင့် သဘောတူညီချက် တွင် ပါဝင်သော အချက်အလက်များအား ဆက်လက် လိုက်နာသွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)