Connect with us

Europe

ပြင်သစ်၊ ဗြိတိန်၊ဂျာမနီ ၃ နိုင်ငံက အီရန်နျူကလီးယား သဘောတူညီချက်ကို ဆက်လက် လိုက်နာမည်ဟု ဆို

၂၀၁၅ခုနှစ် ဇူလိုင်လ ၁၀ ရက် နယူးယောက်ကုလသမဂ္ဂရုံးချုပ်တွင် အီရန်နျူကလီးယား သဘောတူညီချက်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်အတည်ပြုပေးစဉ် (ဓာတ်ပုံ- အင်တာနက်)

ပဲရစ် ၊ မေလ ၉ ရက်(ဆင်ဟွာ)

အမေရိကန် သမ္မတ ထရန့်က အီရန် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ၊ ၎င်းသဘောတူညီချက်ကို ပြင်သစ်၊ဗြိတိန်၊ဂျာမနီ ၃ နိုင်ငံက ဆက်လက် ထိန်းသိမ်းလိုက်နာသွားမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ် မေခရွန် ၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၊ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲ တို့က မေလ ၈ ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါပူးတွဲကြေညာချက်တွင် အီရန် နျူကလီးယားသဘောတူညီချက်သည် ပြင်သစ်၊ဗြိတိန်၊ဂျာမနီတို့ ၏ လုံခြုံရေးအတွက် အထူးအရေးပါကြောင်း ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်အတည်ပြု ထားခြင်း ဖြစ်ပြီး သက်ဆိုင်ရာ ဘက်ပေါင်းစုံက ဆက်လက်လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်း ကြောင်း ရေးသားဖော်ပြထားသည်။

ထရန့်က အီရန် နျူကလီးယားသဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ကြောင်း မေလ ၈ ရက်တွင် ကြေညာခဲ့ပြီး အီရန်ကို ပိတ်စို့မှုများ ပြန်လည်ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန်က သက်ဆိုင်ရာနိုင်ငံ ၆ နိုင်ငံ (အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီ)နှင့် အီရန် နျူကလီးယားဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.