Connect with us

Europe

အီတလီနိုင်ငံစစ္စလီမြို့၌ ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဝ ဦး ဒဏ်ရာရ

အီတလီနိုင်ငံ စစ္စလီမြို့ ၌ ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အရေးပေါ်ကားတစ်စီးအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရောမ ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ စစ္စလီမြို့၌ ဇွန် ၅ ရက်က လမ်းဘေးဈေးတစ်ခုတွင် ဓာတ်ငွေ့စလင်ဒါတစ်လုံး(ဂါတ်စ်အိုး) ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။

ဂါတ်စ်အိုးပေါက်ကွဲမှုသည် Caltanissetta ပြည်နယ်အရှေ့တောင်ပိုင်း Gela မြို့ငယ်ရှိ ကြက်ကြော်ဆိုင်တစ်ခု၌ ဇွန် ၅ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Ansa သတင်းအေဂျင်စီအရ သိရသည်။

လူသုံးဦးမှာ ပေါက်ကွဲမှုမှ ထွက်လာသော မီးစများတိုက်ရိုက်ထိမှန်၍ လောင်ကျွမ်းခံရကြောင်း နှင့် ၎င်းတို့အနက် ၂ ဦးမှာ ခန္ဓာကိုယ်အစိတ်အပိုင်း၏ ၆ဝ ရာခိုင်နှုန်း မီးလောင်ကျွမ်းခံရကြောင်း သတင်းတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုမှ လွင့်စင်ထွက်လာသော သစ်သားစဖြင့် ရိုက်မိရာမှ အမျိုးသမီးကြီးတစ်ဦးမှာ မျက်လုံးတစ်ဖက် ဆုံးရှုံးလိုက်ရကြောင်း သိရသည်။

ကိုယ်ဝန် ၈ လ နှင့် အမျိုးသမီးတစ်ဦးအပါဝင် စုစုပေါင်း လူ ၅ ဦးကို ကုသမှုပေးရန် ဆေးရုံသို့ပို့ဆောင်ထားရကြောင်း အီတလီ ပုဂ္ဂလိက ရုပ်သံလိုင်း Sky News Italy က ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ အသက်အန္တရာယ်စိုးရိမ်ဖွယ် မရှိကြောင်း နှင့် အချင်းဖြစ်ကိစ္စရပ်အပေါ် Gela မြို့အစိုးရရှေ့နေရုံးက အမှုဖွင့် ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.