Connect with us

Europe

၂၀၂၃ ခုနှစ် အေအက်ဖ်စီ အာရှဖလားဘောလုံးပြိုင်ပွဲကို တရုတ်နိုင်ငံတွင် ကျင်းပရန် အတည်ပြု

ဖီဖာဥက္ကဋ္ဌ ဂီရန်နီ အင်ဖန်တီနိုနှင့် AFC ဥက္ကဋ္ဌ ရှိတ် ဆယ်လ်မန် ဘင် အီဘရာဟင် အယ်လ် ခါလီဖာတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အေအက်ဖ်စီ၏ အထူးအာဏာကုန်လွှဲထားခြင်းခံရသော ကွန်ဂရက်တွင် ၂၀၂၃ ခုနှစ် အေအက်ဖ်စီ အာရှဖလားဘောလုံးပြိုင်ပွဲ (AFC Asian Cup) ၏ အိမ်ရှင်အဖြစ် တရုတ်နိုင်ငံအား ဇွန်လ ၄ ရက်က အတည်ပြုလိုက်ကြောင်း သိရသည်။

လေးနှစ်တစ်ကြိမ်ပြုလုပ်သော အဆိုပါ ဘောလုံးပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ၂၀၁၆ ခုနှစ်ကစ၍ အပြိုင်အဆိုင် ကမ်းလှမ်းခဲ့ကြသည်။

ပြီးခဲ့သည့်လက ထိုယှဉ်ပြိုင်သည့်ပွဲမှ တောင်ကိုရီးယားနိုင်ငံ နုတ်ထွက်လိုက်ပြီးနောက် ၂၀၂၃ ခုနှစ် အာရှဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်နိုင်ငံအတွက်အကဲဖြတ်ခြင်းတွင် တစ်ဦးတည်းသော ယှဉ်ပြိုင်သူအဖြစ် တရုတ်နိုင်ငံက အားကြိုးမာန်တက်လုပ်ဆောင်ခဲ့ကာ ပြင်သစ်နိုင်ငံ မြို့တော်တွင် ပြုလုပ်သော အေအက်ဖ်စီ၏ အထူးအာဏာကုန်လွှဲထားခြင်းခံရသော ကွန်ဂရက်အတွင်း အတည်ပြုခြင်းခံခဲ့ရခြင်းဖြစ်သည်။

“ဒါက အာရှနဲ့ အခြားဒေသတွေမှာ အရေးပါတဲ့ အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ ဘောလုံးပြိုင်ပွဲက တရုတ်နိုင်ငံမှာရှိတဲ့ ထွက်ပေါက်တွေကို လမ်းဖွင့်ပေးမယ့် အလားအလာရှိတဲ့ အခွင့်အလမ်းတစ်ခုပါပဲ” ဟု AFC ဥက္ကဋ္ဌ ရှိတ် ဆယ်လ်မန် ဘင် အီဘရာဟင် အယ်လ် ခါလီဖာ (Shaikh Salman bin Ebrahim Al Khalifa) က တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ ဘောလုံးအသင်း (CFA) သို့ ပြောကြားခဲ့သည့် ၎င်း၏ ဝမ်းမြောက်စကားများတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဘောလုံးမှာ အားကစားယဉ်ကျေးမှုကို မြှင့်တင်ပေးခြင်း၊ လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ပေးခြင်းနဲ့ နိုင်ငံတစ်ဝန်း ကြံ့ခိုင်ရေးအစီအစဉ်ကို မြှင့်တင်ပေးခြင်း စတဲ့ တမူထူးခြားတဲ့ လုပ်ငန်းတွေရှိပါတယ်” ဟု CFA ၏ ယာယီဥက္ကဋ္ဌ Du Zhaocai က ဆင်ဟွာသို့ ပြောခဲ့သည်။

တရုတ်နိုင်ငံက ၂၀၀၄ တွင် AFC Asian Cup အား အိမ်ရှင်အဖြစ်နောက်ဆုံးလက်ခံကျင်းပခဲ့ပြီး ထိုပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.