Europe
လကမ္ဘာတွင် 4G ကွန်ရက် အသုံးပြုနိုင်တော့မည်
																								
												
												
											ဘာလင်၊ မတ် ၁ ရက် (ဆင်ဟွာ)
လကမ္ဘာပေါ်တွင် ပထမဆုံး 4G ဆဲလ်ဖုန်း ကွန်ရက်အား ၂၀၁၉ ခုနှစ်၌ ရရှိနိုင်တော့မည် ဖြစ်ကြောင်း ကွန်ရက် တည်ထောင်သူ Vadafone က ဖေဖော်ဝါရီလ ၂၇ ရက်က ပြောကြားလိုက်သည်။
နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ Vadafone ၏ ဂျာမနီနိုင်ငံရုံးခွဲနှင့် နိုကီရာတို့ ပူးပေါင်းကာ အဆိုပါ လုပ်ငန်းအား လုပ်ဆောင်မည် ဖြစ်ကြောင်း Vadafone ကုမ္ပဏီ လန်ဒန် ဋ္ဌာနချုပ် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်း ကွန်ရက်သည် ဘာလင်ရှိ ပုဂ္ဂလိက အာကာသ ကုမ္ပဏီ PTScientists မှ လပေါ်သွားယာဉ်ငယ် နှစ်စင်းနှင့် လပေါ်သို့ ဆင်းသက်မည့် အာကာသယာဉ် တစ်စင်း ပါရှိသည့် SpaceX Falcon 9 ဂြိုဟ်တုအား လွှတ်တင်မည့် လကမ္ဘာသွားယာဉ်လုပ်ငန်းအား ထောက်ပံ့ရန် ဖြစ်ကြောင်း သိရသည်။
နိုကီရာက အလေးချိန် ၁ ကီလိုဂရမ်ဝန်းကျင်ရှိသော သကြားအိတ်ကဲ့သို့ အာကာသ အဆင့်မီ Ultra Compact Network တစ်ခုအား တီထွင်ခဲ့ပြီး အပေါ့ပါးဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ကွန်ရက်သည် လကမ္ဘာပေါ်မှ တိုက်ရိုက် ဗီဒီယို ရိုက်ကူးမှုအား ကမ္ဘာက ကြည့်ရှုနိုင်ရန်နှင့် လပေါ်သွားယာဉ်နှင့် လပေါ်သို့ ဆင်းသက်မည့် အာကာသယာဉ်အကြား ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် ဖြစ်ကြောင်း သိရသည်။
“အဲဒီပစ္စည်းလေးက အား (Power) တွေအများကြီး သိမ်းဆည်းထားနိုင်ပြီးတော့ အချက်အလက်တွေ ပို့တဲ့အခါမှာ စွမ်းအင်ချွေတာနိုင်မှာလည်း ဖြစ်ပါတယ်” ဟု PTScientists တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် Robert Bohme က ပြောကြားခဲ့သည်။ (Xinhua)
