Connect with us

Europe

ဒုတိယကမ္ဘာစစ်ကျန် ဗုံး လေးလုံးအား ဘော့စ်နီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ (BiH’s) တွင် ဖောက်ခွဲဖျက်ဆီး

ဒုတိယကမ္ဘာစစ်ကျန်ဗုံးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆာရာယေဗို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဘော့စ်နီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ (BiH’s) မြို့တော် ဆာရာယေဗို၏ အနောက်တောင်ဘက် ၃၅ ကီလိုမီတာခန့်အကွာ၊ ဘီဂျေလက်စ်နီကာတောင်အနီးတွင် ဒုတိယကမ္ဘာစစ်ကျန်ဗုံး ၄ လုံးအား BiH’s ပြည်ထောင်စု အရပ်သား ကာကွယ်ရေးဌာန (FUCZ) က စက်တင်ဘာလ ၁၃ ရက်၌ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း FUCZ ညွှန်ကြားရေးမှူး ဖာရူဒင် ဆိုလက် (Fahrudin Solak) က ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ဗုံးများအား ဆာရာယေဗိုမြို့လယ်တွင် လွန်ခဲ့သော ရက်သတ္တပတ်က ဈေးဝယ်စင်တာအသစ်တစ်ခု တည်ဆောက်နေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုလက်က ပြောခဲ့သည်။

ဗုံးအား ဖျက်ဆီးရာတွင် Alford HD Vulkan ကိရိယာအား အသုံးပြုခဲ့ကြောင်း ဗုံးဖျက်ဆီးပြီးနောက် FUCZ ၏ မပေါက်ကွဲသော စစ်လက်နက်ပစ္စည်းဌာန အကြီးအကဲ စိဒ်ဗန်နာ (Sead Vrana) က သတင်းထောက်များအား ရှင်းပြခဲ့သည်။

“ကျွန်တော်တို့ သက်ရောက်မှုနည်းတဲ့ နည်းပညာနဲ့ ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေကို အတိအကျ ဖျက်ဆီးနိုင်အောင် ပုံစံထုတ်ထားတဲ့ Alford HD Volcano လို့ခေါ်တဲ့ ကိရိယာတစ်မျိုးကို အသုံးပြုခဲ့ပါတယ်။ အဲဒီ မဂ္ဂဆီယမ်ကိရိယာကို ဗုံးခွံတစ်လျှောက် ထည့်သွင်းလိုက်ခြင်းအားဖြင့် ပေါက်ကွဲမှုမဖြစ်စေဘဲ ဗုံးကိုလောင်ကျွမ်းပျက်စီးသွားစေပါတယ်” ဟု ဗန်နာက ဆိုသည်။

ဒုတိယကမ္ဘာစစ်က ဂျာမန်တပ်ဖွဲ့များ တောင်ဘက်ပိုင်းမှ ဆုတ်ခွာနေစဉ် ဗြိတိန်နိုင်ငံနှင့် မဟာမိတ်တပ်ဖွဲ့များက ဆာရာယေဗိုအား ဗုံးကျဲခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား ဆာရာယေဗိုမြို့တွင် မပေါက်ကွဲသော ဗုံး ၁၀ လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.