Europe
လန်ဒန်မြို့ရှိ Camden ဈေး မီးလောင်မှုဖြစ်ပွား

လန်ဒန် ၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ)
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မြောက်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသည် အသွားအလာများသည့် Camden ဈေးကြီး အဆောက်အဦ မီးလောင်ကျွမ်းနေမှုကို မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်လျှက် ရှိကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့က ဇူလိုင်လ ၁ဝ ရက် နံနက်အစောပိုင်းတွင် ပြောကြားခဲ့သည်။
၎င်းဈေးကြီး၏ ပထမထပ် ၊ ဒုတိယထပ် ၊ တတိယထပ် နှင့် ခေါင်မိုးအပါအဝင် နေရာများစွာ မီးလောင်ကျွမ်းနေပြီး မီးသတ်သမား ၇ဝ ဦး နှင့် မီးသတ်ကား ၁ဝ စီးဖြင့် မီးငြှိမ်းသတ်မှု ပြုလုပ်နေကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့၏ တွစ်တာလူမှုကွန်ရက်စာမျက် နှာတွင် ရေးသားထားသည်။မီးလောင်မှုကြောင့် လူအသေအပျောက် မည်မျှ ရှိသည်ကို မသိရှိရသေးကြောင်း ၊ အရေးပေါ်လူနာတင်ယာဉ်များ အခင်းဖြစ်နေရာ၌ အသင့်အနေအထာဖြင့် ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ ဈေးကြီးတွင် ဆိုင်ခန်းပေါင် ၁ဝဝဝ ကျော် နှင့် အမိုးဖွင့် ဖျော်ဖြေရေးခန်းများ ရှိပြီး ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ကလည်း မီးအကြီးအကျယ် လောင်ကျွမ်းဖူးကြောင်း သိရသည်။ ယခုမီးလောင်ကျွမ်းမှုသည် လန်ဒန်မြို့၌ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က လူပေါင်း ၈ဝ ခန့်သေဆုံးပြီး ၁၆ နာရီကျော်ကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ၂၇ ထပ်အမြင့်ရှိ အဆောက်အအုံမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)