Connect with us

Europe

အင်္ဂလန် ဘောလုံး ကြယ်ပွင့် ဝိန်းရွန်းနီ မန်ယူ အသင်း မှ ထွက်ခွာခဲ့ပြီး အဲဗာတန် အသင်း သို့ ပြန်လည်ရောက်ရှိ

အင်္ဂလန် ဘောလုံး ကြယ်ပွင့် ဝိန်းရွန်းနီ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အင်္ဂလန် ဘောလုံး ကြယ်ပွင့် ဝိန်းရွန်းနီ သည် မန်ယူ အသင်း တွင် ၁၃ နှစ်ကြာ ကစားပြီး နောက် ဇူလိုင် ၉ ရက်နေ့၌ အဲဗာတန် အသင်း သို့ ပြန်လည်ရောက်ရှိလာ ခဲ့သည်။

အသက် ၃၁ နှစ် အရွယ်ရှိ သည့် ဝိန်းရွန်းနီ သည် အဲဗာတန် အသင်း နှင့် ၂ နှစ် သက်တမ်းရှိသည့် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး တစ်ပတ်လစာ ပေါင် ၁၅၀,၀၀၀ ရရှိမည်ဖြစ်ကာ မန်ယူ အသင်းတွင် ရရှိသည့် တစ်ပတ်လစာ ၏ တစ်ဝက်သာ ရရှိခဲ့သည်။Wayne Rooney က စာချုပ်လက်မှတ်ရေးထိုး ပြီးနောက်တွင် “ပြန်ရောက်လာတဲ့ ခံစားမှုက အရန်းကောင်းတယ် ၊ စိတ်လည်း အလွန်လှုပ်ရှားနေတယ် ၊ အသင်းဖော်တွေနဲ့ အမြန်တွေ့ပြီး လေ့ကျင့်ခန်းလုပ်ချင်တယ် ၊ အတူတကွ တိုက်ပွဲဝင်သွားလိုတယ်” ဟု ပြောကြား ခဲ့သည်။

အဲဗာတန် အသင်း က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ ၌ ဝိန်းရွန်းနီ သည် နံပတ် ၁၀ ကို ဝတ်ဆင်သွားမည် ဖြစ်ကြောင်း ၊ ယခင်က ယင်းနံပတ်ကို Romelu Lukaku ဝတ်ဆင်ခဲ့ပြီး မကြာခင် ပေါင်သန်း ၉၀ ဖြစ် မန်ယူ သို့ ပြောင်းရွေ့တော့မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဝိန်းရွန်းနီ သည် အသက် ၉ နှစ်အရွယ်တွင် အဲဗာတန် လူငယ်လေ့ကျင့်ရေး စခန်းသို့ ရောက်ရှိခဲ့ပြီး အသက် ၁၆ နှစ်အရွယ်တွင် အဲဗာတန် အသင်းဖြင့် အင်္ဂလန် ပရီးမီးယားလိဂ် တွင် စတင်ပွဲထွက် ခဲ့သည်။ အာဆင်နယ် အသင်းနှင့် ယှဉ်ပြိုင်ခဲ့စဉ် လှပသည့် သွင်းဂိုး သွင်းယူ နိုင်ခဲ့ပြီး လူငယ်ကြယ်ပွင့် အနေဖြင့် ထင်ရှားလာခဲ့သည်။

၂၀၀၂ ခုနှစ် မှ ၂၀၀၄ ခုနှစ် အတွင်း အဲဗာတန် အသင်း၌ ၇၇ ပွဲ ကစားခဲ့ကာ ၁၇ ဂိုး သွင်းယူ နိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ် တွင် ပြောင်းရွေ့ကြေး ၂၅ သန်းဖြင့် မန်ယူ အသင်းသို့ ရောက်ရှိလာခဲ့ပြီး ၁၃ နှစ်သာ ကာလအတွင်း သရဲနီ အနေဖြင့် ပွဲပေါင်း ၅၅၀ ကျော် ကစားပေး ခဲ့ကာ ဂိုးပေါင်း ၂၅၃ ဂိုး သွင်းယူပေးခဲ့သည်။ ဝိန်းရွန်းနီ သည် မန်ယူ အသင်း၏ နံပတ်တစ် ဂိုးသွင်းရှင် ဖြစ်ခဲ့ပြီး မန်ယူ အသင်း နှင့် UEFA ချန်ပီယံ ဖလား တစ်ကြိမ် နှင့် ပရီးမီးယားလိဂ် ဖလား ၅ ကြိမ် ရယူပေး နိုင်ခဲ့သည်။

ပြီးခဲ့သည့် ဘောလုံး ရာသီ၌ မော်ရင်ဟို က မန်ယူ နည်းပြ အဖြစ်တာဝန်ယူပြီးနောက်တွင် Wayne Rooney သည် ပထမ ဦးစားပေး လူစာရင်းတွင် မပါဝင် တော့ဘဲ နွေရာသီတွင် ပြောင်းရွေ့တော့မည် ဆိုသည့် သတင်းမှာလည်း ထင်ရှားလာခဲ့သည်။ မန်ယူ အသင်းအနေဖြင့် ဝိန်းရွန်းနီ နှင့်စာချုပ် ကို တစ်နှစ်ကြိုတင် ဖျက်သိမ်း ခဲ့ခြင်း မှာလည်း ၎င်း၏ အလွန်မြင့်မားသော လစာကို ချွေတာရန် ဖြစ်ကြောင်း သိရှိရသည်။

အဲဗာတန် အသင်း နည်းပြ ရော်နယ်ကိုမင်း က Rooney သည် အဲဗာတန် အသင်းအတွက် ကြီးမားသည့် ပံ့ပိုးပေးနိုင်မည်ကို ယုံကြည်ကြောင်း ၊ Rooney သည် အဲဗာတန် အသင်း ကို အလွန်ချစ်ပြီး အလွန်ပြန်လာချင် နေကြောင်း ၊ ၎င်းမှာ လက်ရှိချိန်တွင် အသက် ၃၁ နှစ်သာ ရှိသောကြောင့် မိမိ အနေဖြင့် ၎င်း၏ စွမ်းဆောင်ရည် နှင့် ပတ်သက်၍ လုံးဝ ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။Wayne Rooney က အဲဗာတန် လေ့ကျင့်ရေး ကွင်းတွင် ခန္ဓာကိုယ် စစ်ဆေးမှု ပြုလုပ်စဉ် အတွင်း ဘောလုံးပရိသပ် အများအပြား ရောက်ရှိလာခဲ့ပြီး ၎င်းအား ကြိုဆိုခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.