Europe
ရုရှားနိုင်ငံ Kamchatkaကျွန်းဆွယ် အရှေ့ပင်လယ်ပြင်တွင် ပြင်းအား ၆.၅ အဆင့် ငလျင် လှုပ်ခတ်

ဗလာဒီဗော့စ်တော့၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံ Kamchatkaကျွန်းဆွယ် အရှေ့ပင်လယ်ပြင်တွင် နိုဝင်ဘာ ၁၅ ရက်က ပြင်းအား ၆.၅ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ ဘူမိရူပ သုတေသနဌာန Kamchatka ဌာနခွဲ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
အဆိုပါငလျင်သည် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက Kamchatkaကျွန်းဆွယ် အရှေ့ပင်လယ်ပြင်တွင် အနက် (၇၆.၂)ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ Kamchatkaနယ်စပ်ဒေသရှိ အချို့နေရာများတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားရကြောင်း သိရှိရသည်။
ယခုလှုပ်ခတ်သည့်ငလျင်ကြောင့် သေဆုံးဒဏ်ရာရမှုများနှင့် အဆောက်အဦပျက်စီးယိုယွင်းမှုများ မရှိသလို ဆူနာမီဖြစ်ပွားမှုလည်း မရှိကြောင်း ရုရှား Kamchatka နယ်စပ်ဒေသ အရေးပေါ်စီမံခန့်ခွဲမှု ဌာနက ငလျင်လှုပ်ခတ်သည့် နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)