Connect with us

Europe

ဥရောပသမဂ္ဂမှနုတ်ထွက်ရေးဆိုင်ရာ သဘောတူညီချက် ကို ဗြိတိန်ဝန်ကြီးအဖွဲ့ သဘောတူလက်ခံ

ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ဗြိတိန်နှင့်ဥရောပသမဂ္ဂအကြား သဘောတူညီမှုရရှိထားသည့် ဥရောပသမဂ္ဂမှနုတ်ထွက်ရေးဆိုင်ရာ သဘောတူညီချက်ကို ဗြိတိန် ဝန်ကြီးအဖွဲ့က သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း၊ ၎င်းမှာ အရေးကြီးသည့် ခြေလှမ်းတစ်ခုကို လျှောက်လှမ်းလိုက်ခြင်းပင်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

၅ နာရီကြာကျင်းပသည့် ဝန်ကြီးများအစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ် ထရီဇာမေက ယခုကဲ့သို့ပြောကြားလိုက်ခြင်းပင်ဖြစ်သည်။ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေးဆိုင်ရာ လုပ်ငန်းများသည် အခက်အခဲအတားအဆီးများရှိနေဦးမည်ဖြစ်သော်လည်း ဝန်ကြီးအဖွဲ့၏ဆုံးဖြတ်ချက်သည် နိုင်ငံ၏အကျိုးစီးပွားနှင့်အကိုက်ညီဆုံးဖြစ်မည်ဟု ယုံကြည်ကြောင်း ထရီဇာမေ က ဆိုသည်။

ဝန်ကြီးအဖွဲ့က အကြိတ်အနယ်ဆွေးနွေးပြီးနောက် ယခုသဘောတူညီချက်မှာ ဗြိတိန်နှင့်ဥရောပသမဂ္ဂ အကြား ရရှိထားသည့် အကောင်းဆုံး သဘောတူညီချက်ဖြစ်သည်ဟု ယူဆကြကြောင်း ၊ မိမိအနေဖြင့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် အောက်လွှတ်တော်၌သက်ဆိုင်ရာ အရေးကိစ္စများနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းပြသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ထရီဇာမေက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂမှ နုတ်ထွက်ရေးဆိုင်ရာ သဘောတူညီချက်ကို ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အကြား နိုဝင်ဘာ ၁၃ ရက်တွင် သဘောတူညီမှုရရှိထားခြင်းဖြစ်သည်။ ၎င်းမှာ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ညှိနှိုင်းလာ သည့် တစ် နှစ်ကျော် ကာလ တွင် ထူးခြားသည့်ပြောင်းလဲမှုတစ်ခုဖြစ် သည်ဟု သုံးသပ်သူအချို့က ဆိုသည်။

ထိုသို့ နှစ်ဖက်အကြားသဘောတူညီမှုရရှိထားသော်လည်း သဘောတူညီချက်ကို လက်မှတ်ထိုးရန်

ဗြိတိန်လွှတ်တော်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီမှုရရှိရန်လိုအပ်သည်။ဗြိတိန် လွှတ်တော်အမတ်အချို့က ၎င်းသဘောတူညီချက်ကို လွှတ်တော်တွင် ကန့်ကွက်တားဆီးသွားမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည်။

လက်ရှိ နှစ်ဖက်သဘောတူညီချက်အရ ဗြိတိန်သည် လာမည့်နှစ် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂ မှ နုတ်ထွက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.