Europe
ပြင်သစ်နိုင်ငံ၏ La Post စာပို့လုပ်ငန်းက တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်တံဆိပ်ခေါင်းသစ်များထုတ်ဝေ
ပါရီ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နှစ်သစ်ကူးကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်နိုင်ငံ La Poste စာပို့လုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီက ဝက်နှစ်အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်စုံ ကို ဇန်နဝါရီလ ၂၈ ရက် နေ့တွင် တရားဝင်ရောင်းချသွားမည်ဖြစ် ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တံဆိပ်ခေါင်း နှစ်စုံအနက် တံဆိပ်ခေါင်းတစ်စုံကို တရုတ်နှစ်သစ်ကူးတောင်တန်း ပုံဆေးခြယ်ထားပြီး ၎င်းကို ပန်းချီအနုပညာရှင် ချန်ကျန်းဟုန် (Chen Jianghong)က ဖန်တီးထားကြောင်း သိရသည်။ ၎င်းတံဆိပ်ခေါင်း များကို အခုရေ ၄သိန်း အား ပုံနှိပ်ပြီးဖြစ်ကြောင်း၊ တံဆိပ်ခေါင်းကို တစ်ခုလျှင် ယူရိုငွေ ၄.၄၀ (အမေရိကန်ဒေါ်လာ ၅.၀၂) ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
နောက်တစုံကို မူတရုတ်နှစ်ကူးမီးပုံး (Chinese New Year Lantern)ဆေးခြယ်ထားကာ အရေအတွက် ၂ သိန်း ပုံနှိပ်ထားပြီးဖြစ်ကြောင်း နှင့် တစ်ခုလျှင် ယူရိုငွေ ၆.၅၀ ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)