Connect with us

Europe

နိုင်ငံတကာရေပိုင်နက်များတွင် အမေရိကန်၏ လှုပ်ရှားမှုများသည် “တရားစီရင်ရေး လုပ်ထုံးလုပ်နည်း လျှောက်ထားမှုမရှိသော သတ်ဖြတ်မှု” ဖြစ်သည်ဟု စပိန်ဝန်ကြီးချုပ် ဆို

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Moncloa နန်းတော်မှ စပိန်ဝန်ကြီးချုပ် Pedro Sánchez ထွက်လာသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်/ စပိန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

စပိန်ဝန်ကြီးချုပ် Pedro Sánchez က အီတလီအပတ်စဉ်သတင်းစာ L’Express ၏ မကြာသေးမီရက်က သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် အမေရိကန်က ဗင်နီဇွဲလားအနီးရှိ နိုင်ငံတကာရေပိုင်နက်များတွင် “မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု” ဟူသည်တို့ကို ပစ်မှတ်ထားလုပ်ဆောင်သော နှိမ်နင်းရေးလှုပ်ရှားမှုများသည် တရားစီရင်ရေး လုပ်ထုံးလုပ်နည်း လျှောက်ထားမှုမရှိဘဲ ဖော်ဆောင်ခြင်းဖြစ်ရာ နိုင်ငံတကာဥပဒေအပေါ် စိန်ခေါ်မှုတစ်ရပ်ဖြစ်စေကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါမီဒီယာ၏ ဒီဇင်ဘာ ၁၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။Sánchez က သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် “အမေရိကန်ဟာ ‘မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို နှိမ်နင်းခြင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာရေပိုင်နက်တွေမှာ တရားစီရင်ရေး လုပ်ထုံးလုပ်နည်း လျှောက်ထားမှုတွေမပါတဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်” ၊ “နိုင်ငံတကာဥပဒေအပေါ် (အမေရိကန်ရဲ့) ဒီလိုစိန်ခေါ်မှုက စိုးရိမ်စရာကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

အခြေအနေတစ်ဆင့်တိုး ဆိုးရွားလာခြင်းမရှိစေရန် ငြိမ်းချမ်းရေးနည်းလမ်းနှင့် နိုင်ငံရေးနည်းလမ်းဖြင့် ကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းရန် Sánchez က တိုက်တွန်းခဲ့သည်။

လတ်တလောတွင် အမေရိကန်အစိုးရက မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို အကြောင်းပြု၍ ကာရေဘီယံပင်လယ်နှင့် ဗင်နီဇွဲလားအနီးရှိ ပင်လယ်ပြင်တွင် “တရားဥပဒေစိုးမိုးရေး” ဟူသည့် လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ရာ အမေရိကန်-ဗင်နီဇွဲလားဆက်ဆံရေးကို စဉ်ဆက်မပြတ် တင်းမာစေရုံသာမက ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နိုင်ငံတကာဥပဒေ အသုံးပြုရန် သင့်လျော်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အာရုံစိုက်မှုများကိုလည်း မြင့်တက်စေခဲ့သည်။ (Xinhua)
……………………
(Chinese Version)
西班牙首相:美在国际水域的行动是“未经司法程序的杀戮”
新华社马德里/罗马12月12日电(记者孟鼎博 张馨文)据意大利《快报》周刊12日报道,西班牙首相桑切斯日前在接受该媒体专访时表示,美国在委内瑞拉附近国际水域针对所谓“毒品走私”实施的打击行动未经过司法程序,对国际法构成挑战。
桑切斯在专访中表示,“美国正在国际水域打着‘打击毒品走私’的旗号实施未经司法程序的杀戮”“(美国)这种对国际法的挑战令人担忧”。
桑切斯呼吁通过和平方式和政治手段化解分歧,避免局势进一步升级。
近期,美国政府以打击毒品走私为由,不断强化在加勒比海及委内瑞拉附近海域实施所谓“执法”行动,不仅导致美委关系持续紧张,也引发了地区国家和国际社会对主权、安全以及国际法适用问题的关注。(完)
图说:11月27日,在西班牙马德里,西班牙首相桑切斯走出蒙克洛亚宫。(资料照片)新华社记者 孟鼎博 摄