Connect with us

Europe

အမေရိကန်က ဥရောပသမဂ္ဂကို ဖိအားပေး၍ ကွဲပြားအောင်လုပ်နေ၊ ပိတ်ဆို့ထားသော ရုရှားပိုင်ဆိုင်မှုများကို သုံး၍ ယူကရိန်းအား ထောက်ပံ့ခြင်းမပြုရန် တောင်းဆိုခဲ့သည်ဟု အမေရိကန် မီဒီယာ ဖော်ပြ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် (၁၀) ဝန်ကြီးချုပ်အိမ်တော်သို့ လမ်းလျှောက်လာသော ယူကရိန်း သမ္မတ ဇယ်လန်းစကီးအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်အစိုးရသည် လတ်တလောတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအပေါ် အစဉ်ဖိအားပေးခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ကျင်းပမည့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ပိတ်ဆို့ထားသော ရုရှားပိုင်ဆိုင်မှုများကို သုံး၍ ယူကရိန်းအား ငွေကြေးထောက်ပံ့မည့်အစီအစဉ်ကို ငြင်းဆိုရန် ၎င်းတို့အား တောင်းဆိုခဲ့ကြောင်း အမေရိကန် Politico သတင်းဌာနက ဥရောပသမဂ္ဂ အရာရှိ ၄ ဦး သတင်းအရင်းအမြစ်အဖြစ် ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
ထရမ့်အစိုးရအရာရှိများသည် ဥရောပသမဂ္ဂခေါင်းဆောင်များအဖွဲ့အစည်းကို ရှောင်ကွင်းပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ အစိုးရများနှင့် တိုက်ရိုက်ဖြစ်သော လျှို့ဝှက်ဆက်သွယ်မှုများရှိခဲ့ရာ အီတလီ၊ ဘူလ်ဂေးရီးယား၊ မော်လ်တာနှင့် ချက်နိုင်ငံတို့သည် ကန့်ကွက်ရေးအဖွဲ့တွင် ပါဝင်လာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဥရောပသမဂ္ဂ-အမေရိကန် ဆက်ဆံရေးနှင့် ယခုအကြိမ် ထိပ်သီးအစည်းအဝေးပြင်ဆင်မှုလုပ်ငန်းများကို သိရှိသော ဥရောပသမဂ္ဂအဆင့်မြင့်အရာရှိတစ်ဦးက “သူတို့က ကျွန်တော်တို့ကို အားနည်းအောင်လုပ်ချင်ကြတယ်” ဟု ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ ရုံးချုပ်အပြင်၌ ဥရောပသမဂ္ဂ အလံအား ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဥရောပသမဂ္ဂ၏ ယင်းမတိုင်မီ ဆွေးနွေးမှုတွင် ဟန်ဂေရီ၊ ဆလိုဗက်ကီးယား စသည့်နိုင်ငံတို့သည် ဥရောပသမဂ္ဂ ပိတ်ဆို့ထားသော ယူရို ၂၁၀ ဘီလီယံခန့်ရှိသည့် ရုရှားဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများကို ယူကရိန်းအား ထောက်ပံ့ရန် အသုံးပြုမည်ကို အစဉ်အမြဲကန့်ကွက်ခဲ့သည်။

ယူကရိန်းနိုင်ငံသည် လာမည့်နှစ်တွင် ဘတ်ဂျက်လိုငွေ ယူရို ၇၁.၇ ဘီလီယံနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး လာမည့်နှစ် ဧပြီလမတိုင်မီ ထောက်ပံ့ငွေများ မရောက်ရှိပါက ယူကရိန်းသည် အများပြည်သူအသုံးစရိတ်ကို မဖြစ်မနေ လျှော့ချရမည်ဖြစ်သည်။

အမေရိကန်ချမှတ်ထားသော ရုရှား-ယူကရိန်း “ငြိမ်းချမ်းရေးအစီအစဉ်” အရဆိုလျှင် အမေရိကန်က ပိတ်ဆို့ခံထားရသော ရုရှား၏ပိုင်ဆိုင်မှုများတချို့ကို အမေရိကန်က ဦးဆောင်သော ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မျှော်လင့်ထားသည်။

ဥရောပသမဂ္ဂနယ်မြေအတွင်း ပိတ်ဆို့ခံထားရသော ရုရှား ပိုင်ဆိုင်မှုများကို အကန့်အသတ်မရှိ ပိတ်ဆို့ရန် ဥရောပသမဂ္ဂက ဒီဇင်ဘာ ၁၂ ရက်တွင် ဆုံးဖြတ်ခဲ့ပြီး ဘရပ်ဆဲလ်မြို့တွင် ကျင်းပမည့် ယခုအကြိမ် ဥရောပသမဂ္ဂခေါင်းဆောင်များထိပ်သီးအစည်းအဝေးတွင် ဤပိတ်ဆို့ခံထားရသော ရုရှားပိုင်ဆိုင်မှုများကို “လျော်ကြေးချေးငွေ” ဆိုသည်အတွက် အာမခံအဖြစ် အသုံးပြုရန် လေ့လာကြမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် လာမည့်နှစ်နှစ်အတွင်း ယူကရိန်း၏ ဘဏ္ဍာရေးနှင့် စစ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်သည်။

ဥရောပသမဂ္ဂသည် ယူကရိန်းအား အကူအညီပေးရေးဆိုင်ရာ သဘောတူညီမှုမရရှိပါက “လာမယ့်နှစ်များစွာမှာ ပြင်းထန်တဲ့ ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ကြုံရမယ်” ဟု ဂျာမနီဝန်ကြီးချုပ် Friedrich Merz က ဒီဇင်ဘာ ၁၅ ရက်တွင် ဂျာမနီရုပ်မြင်သံကြားဌာန မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ဥရောပတိုက်အဖွဲ့ဝင်နိုင်ငံများအကြားတွင် ယူကရိန်းအား ငွေကြေးထောက်ပံ့ရန်ပိတ်ဆို့ထားသော ရုရှားပိုင်ဆိုင်မှုများကို မည်သို့အသုံးပြုမည်နှင့် စပ်လျဉ်း၍ ပြင်းထန်သော ကွဲလွဲမှုများရှိခြင်းက ကမ္ဘာ့စည်းစနစ်သစ်နှင့် အမေရိကန်၏ မကြုံစဖူးသော ဖိအားများကို မည်သို့ရင်ဆိုင်တုံ့ပြန်ရမည်နှင့် ပတ်သက်၍ ဥရောပတိုက်တစ်လွှားတွင် ပိုမိုနက်ရှိုင်းသော ကွဲပြားမှု ရှိနေသည်ကို ဖော်ထုတ်ပြသနေသည်ဟု Politico သတင်းဌာနက ထောက်ပြခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
美媒:美国施压并分化欧盟 要求不得用俄被冻结资产资助乌克兰
新华社华盛顿12月17日电 据美国《政治报》17日以四名欧盟官员为消息源报道,美国政府近期一直向欧盟成员国施压,要求他们在18日至19日举行的欧盟峰会上拒绝动用俄罗斯被冻结资产资助乌克兰的方案。
报道说,特朗普政府官员绕过欧盟领导机构,直接同欧盟各成员国政府秘密联系,导致意大利、保加利亚、马耳他和捷克加入反对行列。一名了解欧美关系和本次峰会筹备工作的欧盟高级官员说:“他们想削弱我们。”
欧盟此前的讨论中,匈牙利、斯洛伐克等国一直反对动用欧盟冻结的大约2100亿欧元俄罗斯央行资产支持乌克兰。
乌克兰明年将面临717亿欧元预算缺口,如果资金在明年4月前无法到位,乌克兰将不得不削减公共开支。而按照美方制定的俄乌“和平计划”,美国希望将俄罗斯部分被冻结资产用于拟由美国主导的乌克兰重建工作。
欧盟12日决定无限期冻结俄罗斯在欧盟境内被冻结资产,将在布鲁塞尔举行的本次欧盟峰会上研究用这些被冻结资产为所谓“赔偿贷款”作担保,从而满足乌克兰今后两年财政和军事需求。
德国总理默茨15日接受德国电视台采访时说,欧盟如果未能就援助乌克兰达成协议,将“在未来数年内遭受严重损害”。
《政治报》指出,欧洲成员国之间就如何使用俄罗斯被冻结资产资助乌克兰存在严重分歧,暴露出整个欧洲大陆在如何应对新的世界秩序和美国前所未有施压上存在更深层次的分裂。(完)
图说1:10月24日,在英国伦敦,乌克兰总统泽连斯基走向唐宁街10号首相府。新华社记者李颖摄
图说2:这是4月2日在比利时布鲁塞尔欧盟总部外拍摄的欧盟旗帜。新华社记者赵丁喆摄