Europe
“မကြာသေးမီနှစ်များအတွင်း ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်အားလုံး” ကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပြင်ဆင်ထားကြောင်း ပူတင် ပြောကြား
မော်စကို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် “ယခင်ကအတိုင်း စေ့စပ်ညှိနှိုင်းဖို့ ပြင်ဆင်သွားပြီး လတ်တလောနှစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်အားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ပြင်ဆင်သွားမှာဖြစ်တယ်” ဟု ရုရှားသမ္မတ ပူတင်က ဒီဇင်ဘာ ၁၇ ရက် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတိုးချဲ့ရေး အစည်းအဝေး တက်ရောက်စဉ်တွင် ပြောကြားခဲ့သည်။ ပူတင်က မည်သည့် ကိစ္စရပ်များ ဖြစ်သည်ကိုမူ အတိအကျ ပြောကြားခဲ့ခြင်းမရှိသော်လည်း ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်း ပဋိပက္ခအဆင့်မြင့်တက်စေရန် လုပ်ဆောင်ခဲ့သူမှာ ရုရှားမဟုတ်ကြောင်း ထောက်ပြခဲ့ပြီး “ယူကရိန်းရဲ့ ဖျက်ဆီးရေးအင်အားစုက အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုရရှိခဲ့တယ်၊ အမှန်တကယ်ကတော့ အနောက်နိုင်ငံတွေ ကိုယ်တိုင်က ဒီစစ်ပွဲကို စတင်ခဲ့တာဖြစ်တယ်၊ ကျွန်တော်တို့က ဒါကို အဆုံးပဲသတ်ချင်ခဲ့တာ” ဟူ၍ ပြောကြားခဲ့သည်။
အမေရိကန် ယခင်အစိုးရဟောင်းက “ဖြစ်ရပ်ကို လက်နက်ကိုင်ပဋိပက္ခအဖြစ် ဦးတည်ဖို့” ဆန္ဒရှိခဲ့သော်လည်း ရုရှားကို ပစ်မှတ်ထားပြုလုပ်တဲ့ ဖျက်ဆီးမှုအစီအစဉ်များအားလုံးသည် အပြည့်အဝ ရှုံးနိမ့်ခဲ့ကြောင်း၊ ရုရှားသည် အမေရိကန် လက်ရှိအစိုးရနှင့် ဆွေးနွေးလျက်ရှိသလို ဥရောပအနေဖြင့်လည်း ရုရှားနှင့် ဆွေးနွေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ပူတင်က ရုရှားစစ်တပ်အနေဖြင့် နည်းပညာဦးဆောင်မှု အနေအထားကို မဖြစ်မနေ ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ယင်းမှာ စက်ရုပ်နည်းပညာ၊ သတင်းအချက်အလက်နည်းပညာနှင့် ပစ္စည်းအသစ်များ အရှိန်မြှင့် ထည့်သွင်းခြင်း၊ ဉာဏ်ရည်တုနည်းပညာကို ထိန်းချုပ်မှုစနစ်များနှင့် အလိုအလျောက်တိုက်ခိုက်ရေးစနစ်များတွင် အသုံးချမှု တိုးချဲ့ခြင်းတို့ကို ဆိုလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
普京:准备和平解决“近年来出现的所有问题”
新华社莫斯科12月17日电(记者耿辉凰)俄罗斯总统普京17日出席俄国防部扩大会议时说,俄方“将一如既往地准备谈判,并准备和平解决近年来出现的所有问题”。
普京没有具体说明是哪些问题,但指出,2022年俄乌冲突升级的始作俑者并非俄罗斯,“乌克兰的破坏势力受到西方支持,实际上是西方自己发动了这场战争,我们只是想结束它”。
普京表示,美国上届政府有意“将事情引向武装冲突”,但所有针对俄罗斯的破坏计划都彻底失败。俄方正与美国本届政府对话,希望欧洲也能与俄方对话。
普京还说,俄罗斯军队必须继续保持技术领先地位,这意味着加快引入机器人技术、信息技术、新材料,并扩大人工智能技术在控制系统和自主作战系统中的应用。(完)
图说:11月27日,在吉尔吉斯斯坦比什凯克,俄罗斯总统普京在集安组织集体安全理事会会议上发言。新华社发(吉尔吉斯斯坦总统办公厅供图)
