Connect with us

Europe

နယ်သာလန်နိုင်ငံ၌ “ယူကရိန်းအတွက် နိုင်ငံတကာ လျော်ကြေးတောင်းခံမှုဆိုင်ရာ ကော်မရှင်” ထူထောင်

ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်၌ ကျင်းပသည့် ဥရောပနိုင်ငံရေး အသိုက်အဝန်း အကြီးအကဲများအစည်းအဝေးကျင်းပစဉ်ကာလအတွင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီး (ယာ)နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ ဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သည်ဟိတ်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

“ယူကရိန်းအတွက် နိုင်ငံတကာ လျော်ကြေးတောင်းခံမှုဆိုင်ရာ ကော်မရှင်” ကို စတင်ထူထောင်ရန်၊ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် ရုရှားထံ လျော်ကြေး တောင်းခံခြင်းကိစ္စရပ်အား ကိုင်တွယ်ဖြေရှင်းရန် ဥရောပကောင်စီနှင့် နယ်သာလန်အစိုးရတို့က ဒီဇင်ဘာ ၁၆ ရက်တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့၌ အစည်းအဝေး ကျင်းပခဲ့သည်။အဆိုပါအစည်းအဝေးကို ဥရောပကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် Alain Berset ၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီး၊ မော်လ်ဒိုဗာသမ္မတ Maia Sandu နှင့် နယ်သာလန်ဝန်ကြီးချုပ် Dick Schoof စသည့် နိုင်ငံပေါင်း ၅၀ ကျော်မှ ခေါင်းဆောင်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ နိုင်ငံပေါင်း ၃၅ နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် “ယူကရိန်းအတွက် နိုင်ငံတကာ လျော်ကြေးတောင်းခံမှုဆိုင်ရာ ကော်မရှင်” တည်ထောင်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်ရှေ့မှ ဖြတ်သန်းသွားလာနေသူများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါသဘောတူညီချက်သည် အနည်းဆုံး လက်မှတ်ရေးထိုးသူ ၂၅ ဦးက အတည်ပြုပြီး “ယူကရိန်းအတွက် နိုင်ငံတကာ လျော်ကြေးတောင်းခံမှုဆိုင်ရာ ကော်မရှင်” ကနဦးလုပ်ငန်းဆောင်တာများကို ထောက်ပံ့ရန် လုံလောက်သော ရန်ပုံငွေရှိသည်ကို သေချာစေပြီးနောက် အသက်ဝင်မည်ဖြစ်သည်။

“ယူကရိန်းအတွက် နိုင်ငံတကာ လျော်ကြေးတောင်းခံမှုဆိုင်ရာ ကော်မရှင်” သည် ၂၀၂၃ ခုနှစ်တွင် ဥရောပကောင်စီမှ တည်ထောင်ခဲ့သော “ယူကရိန်းနိုင်ငံ ပျက်စီးဆုံးရှုံးမှုမှတ်ပုံစာအုပ်” တွင် တင်သွင်းသော လျော်ကြေးတောင်းခံမှုများအပေါ် ပြန်လည်သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ဆုံးဖြတ်မှုများ ပြုလုပ်မည်ဖြစ်ပြီး သင့်လျော်သောအခြေအနေတွင် အမှုတစ်ခုစီ ပေးဆောင်သင့်သည့် လျော်ကြေးပမာဏကို ဆုံးဖြတ်မည်ဖြစ်ကြောင်း Berset က မိတ်ဆက်ပြောကြားခဲ့သည်။“ယူကရိန်းအတွက် နိုင်ငံတကာ လျော်ကြေးတောင်းခံမှုဆိုင်ရာ ကော်မရှင်” ကို ဥရောပကောင်စီ၏ မူဘောင်အတွင်း တည်ထောင်ထားကာ အခြားနိုင်ငံများထံသို့ တံခါးဖွင့်လှစ်ထားပြီး ရုံးချုပ်ကို နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့တွင် ထားရှိသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဒီဇင်ဘာ ၉ ရက်တွင် ဤကဲ့သို့သော ကော်မရှင် ဖွဲ့စည်းရန် ဆုံးဖြတ်ချက်သည် ရုရှားအပေါ် “ဥပဒေထိပါး ကျူးကျော်မှု” ကို တစ်ဆင့်တိုး ပိုမိုမြင့်တက်လာစေမည်ဟု ပြောကြားခဲ့ဖူးသည်။

ဥရောပကောင်စီသည် ဥရောပသမဂ္ဂ အဖွဲ့အစည်းမဟုတ်ဘဲ ဥရောပတစ်ဝန်းရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဥရောပတွင် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ယဉ်ကျေးမှုတို့ကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရုံးချုပ်ကို ပြင်သစ်နိုင်ငံ စထရက်စ်ဘာ့ဂ်မြို့၌ အခြေစိုက်ထားခဲ့သည်။ (Xinhua)

—————————————-
(Chinese Version)
“乌克兰国际索赔委员会”在荷兰成立
新华社海牙12月16日电(记者邵海军)欧洲委员会和荷兰政府16日在荷兰海牙召开会议,发起成立“乌克兰国际索赔委员会”,以处理就俄乌冲突造成的损失向俄方索赔事宜。   欧洲委员会秘书长阿兰·贝尔塞、乌克兰总统泽连斯基、摩尔多瓦总统桑杜、荷兰首相斯霍夫等50多个国家的领导人和高级代表出席会议。35个国家和欧盟签署了成立“乌克兰国际索赔委员会”的公约。
该公约将在至少25个签署方完成批准、且已确保足够资金支持“乌克兰国际索赔委员会”初期运作的前提下正式生效。
贝尔塞介绍,“乌克兰国际索赔委员会”将对提交至欧洲委员会2023年所设“乌克兰损害登记册”的索赔进行审查、评估和裁决,并在适用情况下确定每一案件应支付的赔偿金额。
“乌克兰国际索赔委员会”在欧洲委员会框架内设立,向其他国家开放,总部设在荷兰海牙。
俄罗斯外交部发言人扎哈罗娃今年9月曾表示,设立此类委员会的决定将导致针对俄罗斯的“法律侵略”进一步升级。
欧洲委员会并非欧盟机构,是一个泛欧洲组织,1949年创建,总部设在法国斯特拉斯堡,以促进欧洲人权、法治、文化为宗旨。(完)
图说1:10月2日,在丹麦首都哥本哈根,乌克兰总统泽连斯基(右)与欧盟委员会主席冯德莱恩在欧洲政治共同体领导人会议期间交谈。新华社发(孔斯豪格摄)
图说2:2025年2月24日,在比利时布鲁塞尔,人们走过欧盟总部。新华社记者孟鼎博摄