Connect with us

Europe

ဥရောပရှိ ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူခြင်းက ယူရိုဇုန် ယုံကြည်မှုကို ထိခိုက်စေမည်ဟု ပူတင် ဆို

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာတီမာပူတင် (အလယ်) က “နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်း” အခမ်းအနား တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဥရောပရှိ ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူခြင်းသည် ယူရိုဇုန် ယုံကြည်မှုကို ထိခိုက်စေမည်ဟု ရုရှားသမ္မတ ဗလာတီဗာပူတင်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပသော “နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်း” အခမ်းအနား၌ ပြောကြားခဲ့သည်။“ခိုးယူမှု” ဖြင့် ဥရောပရှိ ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူရန် ကြိုးပမ်းသည့်လုပ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှာ “မသင့်လျော်” ကြောင်း၊ “ခိုးယူမှုဆိုတာ ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်စွာ ရယူခြင်းကို ရည်ညွှန်းတာဖြစ်တယ်။ ဒါပေမဲ့ သူတို့က ပေါ်ပေါ်ထင်ထင် ကျူးလွန်ဖို့ ကြိုးစားနေကြဖြစ်တဲ့အတွက် ဒါကဓားပြတိုက်တာ ဖြစ်တယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရုရှား၏ ပိုင်ဆိုင်မှုများ သိမ်းယူခံရပါက ရုရှားသည် နိုင်ငံရေးဆုံးဖြတ်ချက်များ သက်ရောက်မှုမရှိသော တရားစီရင်ပိုင်ခွင့်အတွင်း ခုခံချေပမှုများ ပြုလုပ်သွားမည်ဟု ပူတင်က အလေးပေးပြောကြားခဲ့သည်။
ရုရှားဗဟိုဘဏ်၏ နိုင်ငံတကာ ငွေစုဆောင်းမှုမှာလည်း တိုးပွားလျက်ရှိကြောင်း၊ “လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်အတွင်း ကန်ဒေါ်လာနဲ့ညီမျှတဲ့ တန်ဖိုးတွက်ချက်မှုအရဆိုရင် အဲဒီတန်ဖိုးစုစုပေါင်းမှာ ကန်ဒေါ်လာ ၇၄၁.၅ ဘီလီယံ ရှိပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

ရုရှား၏ စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်မှာ အစိုးရနှင့် ဗဟိုဘဏ်၏ ကြီးကြပ်ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
普京:没收俄在欧洲资产将破坏欧元区信任
新华社莫斯科12月19日电(记者黄河 侯鸣)俄罗斯总统普京19日在莫斯科举行“年度盘点”活动时表示,没收俄罗斯在欧洲的资产将破坏欧元区的信任。
他还说,用“盗窃”来定义企图没收俄罗斯在欧洲资产的行为“并不恰当”,“盗窃是指秘密窃取财物。但他们试图公开作案,这属于抢劫”。
普京强调,如果俄罗斯的资产遭没收,俄罗斯将寻求在不受政治决策影响的司法管辖区内进行辩护。
普京说,俄央行的国际储备也在增长。“截至一两天前,按美元等值计算,其总额为7415亿美元。”
普京表示,俄罗斯的经济和金融体系完全处于政府和中央银行的监管之下。(完)
图说:12月19日,在俄罗斯首都莫斯科,俄罗斯总统普京(中)出席“年度盘点”活动。新华社记者 郝建伟 摄