Europe
တရုတ်နိုင်ငံက ဘီလာရုစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအကျိုးဆောင်ခဲ့ကြောင်း Lukashenko ဆို
မင့်စ်ခ်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဘီလာရုစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အကျိုးဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဘီလာရုစ်သမ္မတ Alexander Lukashenko က ဒီဇင်ဘာ ၁၈ ရက်တွင် မြို့တော် မင့်စ်ခ်၌ ပြောကြားခဲ့သည်။အဆိုပါနေ့တွင် Lukashenko က ဘီလာရုစ်လွှတ်တော်နှင့် ပြည်သူများထံ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘီလာရုစ်နှင့် တရုတ်နိုင်ငံအကြား ကောင်းမွန်သောဆက်ဆံရေးကို ၎င်းက အထူးချီးကျူးခဲ့သည်။ တရုတ်နိုင်ငံသည် ဘီလာရုစ်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောအကူအညီများ ပေးအပ်ခဲ့ကြောင်း Lukashenko က ပြောကြားခဲ့သည်။
Lukashenko က တရုတ်နိုင်ငံ၏ မူဝါဒများသည် အချိတ်အဆက်မိစဉ်ဆက်မပြတ်ရှိခြင်းကို ချီးကျူးခဲ့ပြီး တရုတ်လူမျိုးများသည် “ရလဒ်မြန်မြန်ရဖို့ အလျင်စလိုမလုပ်ဘဲ တည်ငြိမ်စွာ လုပ်ကိုင်ကြတယ်၊ ရည်မှန်းချက်ကို အခိုင်အမာထားပြီး ရှေ့ကိုချီတက်ကြတယ်” ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ရှည်လျားသောသမိုင်းကြောင်းရှိသည့် ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံဖြစ်ပြီး ယနေ့ခေတ်ကမ္ဘာတွင်လည်း အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
卢卡申科:中国对白俄罗斯经济发展作出重要贡献
新华社明斯克12月19日电(记者陈汀)白俄罗斯总统卢卡申科18日在首都明斯克说,中国对白俄罗斯经济发展作出重要贡献。
卢卡申科当天在向白俄罗斯议会和人民发表国情咨文时作出上述表态。他高度评价白中之间的良好关系。卢卡申科说,中国是白俄罗斯第二大贸易伙伴,为白俄罗斯经济发展提供了巨大帮助。
卢卡申科评价中国政策具有连贯性,中国人“不急于求成,行事沉稳,锚定目标前进”。他表示,中国是拥有悠久历史的文明古国,也在当今世界发挥着重要作用。(完)
图说:12月18日,在白俄罗斯明斯克,白俄罗斯总统卢卡申科向白俄罗斯议会和人民发表国情咨文。新华社发(任科夫摄)
