Connect with us

Europe

ရုရှား-တရုတ် ဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးသော အကြောင်းရင်းဖြစ်သည်ဟု ပူတင် ဆို

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာတီမာပူတင်က “နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်း” အခမ်းအနား တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပသော “နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်း” အခမ်းအနား၌ ဆင်ဟွာသတင်းထောက်တစ်ဦး၏ မေးခွန်းကို ဖြေကြားရာတွင် ရုရှားသမ္မတ ဗလာတီမာပူတင်က ရုရှား-တရုတ် ဆက်ဆံရေးသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး ရုရှား-တရုတ် ဆက်ဆံရေးသည် ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးသော အကြောင်းရင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ရုရှား-တရုတ် နှစ်နိုင်ငံ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၀ မှ ၂၅၀ ဘီလီယံအထိရှိသော အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် အဆင့်မြင့်နည်းပညာသုံး ထုတ်လုပ်မှုလုပ်ငန်း၊ သိပ္ပံ ပညာရေး၊ လူမှုယဉ်ကျေးမှု၊ အာကာသစူးစမ်းလေ့လာရေး ကဏ္ဍတို့တွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများရရှိခဲ့ရာ ယင်းမှာ နှစ်နိုင်ငံအကြား အဆင့်မြင့် အပြန်အလှန်ယုံကြည်မှုကို ထင်ဟပ်စေခဲ့ကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

“ဒါတွေအားလုံးက ကျွန်တော်ထပ်တလဲလဲ အလေးပေးပြောကြားခဲ့သလိုပဲ ရုရှား-တရုတ် ဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးတဲ့ အကြောင်းရင်းဖြစ်တယ်ဆိုတာကို ပြသနေတယ်” ဟူ၍ ပူတင်က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် အနာဂတ်တွင် တရုတ်နှင့် မိတ်ဆွေဖြစ် ဆက်ဆံရေးကို ဆက်လက်တိုးတက်သွားစေရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………..
(Chinese Version)
普京:俄中关系是全球稳定极重要因素
新华社莫斯科12月19日电(记者黄河 刘恺)俄罗斯总统普京19日在莫斯科举行的“年度盘点”活动上回答新华社记者提问时说,俄中关系不断发展,俄中关系是全球稳定的极重要因素。
普京说,俄中两国在各领域开展了一系列务实合作,贸易额达到2400亿到2500亿美元的水平。
普京说,俄中合作在高科技制造业、科学教育、人文、太空探索领域也取得发展,这恰恰体现了两国间高水平互信。
“所有这些都表明,正如我多次强调的,俄中关系是全球稳定的极重要因素。”普京说,俄方愿在未来继续与中国朋友发展关系。(完)
图说:12月19日,在俄罗斯首都莫斯科,俄罗斯总统普京(右)出席“年度盘点”活动。新华社记者 郝建伟 摄