Connect with us

Europe

အမေရိကန်၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုက “လက်ခံနိုင်ဖွယ်မရှိ” ဟု မက်ခရွန် ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် (ယာဘက်) နှင့် ခရီးစဉ်လာရောက်သည့် ပြင်သစ် သမ္မတ မက်ခရွန်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၁၇ ရက်တွင် ဂရင်းလန်းကျွန်းအား ထောက်ခံသည့် ဥရောပနိုင်ငံများအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံမည်ဟု ကြေညာပြီးနောက် ပြင်သစ် သမ္မတ မက်ခရွန်က ထိုစည်းကြပ်ခွန် ခြိမ်းခြောက်မှုသည် “လက်ခံနိုင်ဖွယ်မရှိ” ကြောင်း၊ ဥရောပအနေဖြင့် စည်းလုံးညီညွတ်စွာ တုံ့ပြန်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ပြင်သစ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုအား ကာကွယ်ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိပြီး ယင်းကို အကြောင်းပြုလိုက်နာကာ ဒိန်းမတ်နိုင်ငံက အချုပ်အခြာအာဏာ ကာကွယ်ထိန်းသိမ်းခြင်းကို ထောက်ခံအားပေးကြောင်း၊ ထို့ကြောင့် ဒိန်းမတ်က ဂရင်းလန်းကျွန်းတွင် လုပ်ဆောင်မည့် စစ်ရေးပြလေ့ကျင့်မှုတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂရင်းလန်းကျွန်း အရေးကိစ္စသည် အာတိတ်ဒေသလုံခြုံရေးနှင့် ဥရောပနယ်စပ်ဒေသလုံခြုံရေးနှင့် သက်ဆိုင်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

“ဘယ်အကျပ်ကိုင်မှု ခြိမ်းခြောက်မှုမဆို ကျွန်တော်တို့ကို ယိမ်းယိုင်အောင် မလုပ်နိုင်ပါဘူး” ဟု မက်ခရွန်က ရေးသားဖော်ပြခဲ့သည်။ “စည်းကြပ်ခွန် ခြိမ်းခြောက်မှုက လက်ခံနိုင်ဖွယ် မရှိသလို အချိန်အခါနဲ့လည်း မသင့်လျော်ပါဘူး။ ဥရောပက သွေးစည်းညီညွတ်စွာ စုပေါင်းပြီး ညှိနှိုင်းကိုင်တွယ်စီမံကာ ဥရောပ အချုပ်အခြာအာဏာကို အတူတကွ ကာကွယ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် ဖေဖော်ဝါရီ ၁ ရက်မှစကာ အမေရိကန်သို့ တင်ပို့သည့် ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတန်၊ နယ်သာလနနှင့် ဖင်လန် နိုင်ငံမှ ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဖြစ်ကြောင်း၊ ထပ်တိုးကောက်ခံသည့် စည်းကြပ်ခွန်နှုန်းထားကို ဇွန်လ ၁ ရက်မှစ၍ ၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမည်ဖြစ်ရာ ယင်းသည် သက်ဆိုင်ရာဘက်အနေဖြင့် အမေရိကန်က “ဂရင်းလန်းကျွန်းအား ဘက်စုံ အပြည့်အဝ ဝယ်ယူမှု” အတွက် သဘောတူညီချက် ရရှိပြီးသည်အထိ ဖြစ်ကြောင်း ထရမ့်က ထိုနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ဒိန်းမတ်က အဆိုပါကျွန်းတွင် လုပ်ဆောင်မည့် “Arctic Endurance” စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်အတွက် နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် ဖင်လန် စသည့် ဥရောပနိုင်ငံများက လတ်တလောရက်ပိုင်းတွင် ဂရင်းလန်းကျွန်းသို့ စစ်သည်များစေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————–
(Chinese Version)
马克龙:美关税威胁“不可接受”
新华社巴黎1月17日电(记者乔本孝)美国总统特朗普17日宣布对支持格陵兰岛的欧洲国家加征关税后,法国总统马克龙在社交媒体发文说,关税威胁“不可接受”,欧洲将团结应对。
马克龙表示,法国致力于维护世界各国的主权和独立,并以此为遵循支持丹麦维护主权,因而决定参加丹麦在格陵兰岛组织的演习。格陵兰岛事关北极安全和欧洲边疆安全。
“任何恐吓或威胁都无法动摇我们,”马克龙写道,“关税威胁不可接受,也不合时宜。欧洲将团结一致、协调应对,共同捍卫欧洲主权。”
特朗普当天早些时候在社交媒体上发文,宣布美国将从2月1日起对丹麦、挪威、瑞典、法国、德国、英国、荷兰和芬兰的输美商品加征10%关税,加征关税的税率将从6月1日起提高至25%,直到相关方就美国“全面、彻底购买格陵兰岛”达成协议。
近日,挪威、瑞典、法国、德国、英国、荷兰和芬兰等欧洲国家宣布向格陵兰岛派兵,参加由丹麦在该岛发起的“北极耐力”军事演习。(完)
图说:2025年2月24日,美国总统特朗普(右)在华盛顿白宫与到访的法国总统马克龙举行会谈后的联合记者会。 新华社记者 胡友松 摄