Europe
ဂရင်းလန်းကျွန်း မြောက်ဖျားအရပ်က တန်ပြန်အလင်းမြင်ကွင်းများ
နုခ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
အာတိတ်စက်ဝိုင်းအတွင်း၌ အများစုတည်ရှိနေသည့် ဂရင်းလန်းကျွန်းသည် အေးခဲခြင်း၊ ကျယ်ပြောခြင်းနှင့် လူသူကင်းမဲ့ခြင်းတို့ဖြင့် နာမည်ကျော်ကြားသည်။ ကျွန်း၏နယ်မြေ ၈၀ ရာခိုင်နှုန်းကျော်ကို ရေခဲလွှာဖြင့် ဖုံးအုပ်ထားပြီး ကမ္ဘာ့အဓိကပင်လယ်ရေကြောင်းလမ်းများနှင့် ဝေးလံသလို နိုင်ငံတကာနိုင်ငံရေး၏ အချက်အချာမြင်ကွင်းအဖြစ်လည်း ရှုမြင်ခံရမှု နည်းပါးပေသည်။ ဂရင်းလန်းကျွန်းသား အများအပြားအတွက်ဆိုလျှင် ဤနေရာသည် ကမ္ဘာ၏အစွန်အဖျားကဲ့သို့ ဖြစ်သည်။ လူနေမှုဘဝလှုပ်ရှားမှု စည်းချက်များ နှေးကွေးပြီး လူမှုအသိုက်အဝန်းစည်းစနစ် တည်ငြိမ်ရာ အေးချမ်းသာယာမှုကို အလိုက်သင့်နီးပါးဖြစ်သည်ဟုပင် သဘောထားကြသည်။

ယနေ့အခါတွင်မူ အရာအားလုံးမှာ ပြောင်းလဲသွားပြီသည်။ လွန်ခဲ့သည့်တစ်နှစ်အတွင်း အမေရိကန်သမ္မတ ထရမ့်က ဂရင်းလန်းကျွန်းကို ရယူမည်ဟု အဖန်တလဲလဲ ပြောကြားလာခြင်းနှင့်အတူ ဤနေရာ၏ တိတ်ဆိတ်မှုက ဖြိုခွင်းခံခဲ့ရပြီဖြစ်ရာ ကမ္ဘာ့အကြီးဆုံးဖြစ်သည့် ဂရင်းလန်းကျွန်းသည် ကမ္ဘာလုံးဆိုင်ရာ လူထုအမြင်တွင် အာရုံစိုက်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)
#Denmark #Greenland #Nuuk #ဒိန်းမတ် #ဂရင်းလန်း #နုခ်
—————————————–
(Chinese Version)
格陵兰岛:北境浮光
新华社照片,努克(丹麦),2026年2月11日
大部分位于北极圈内的格陵兰岛以寒冷、广袤和荒凉著称,超过八成的土地被冰层覆盖,远离世界主要海运航线,也很少进入国际政治的核心视野。对许多格陵兰岛人来说,这里像是世界的边缘。生活节奏缓慢,社会秩序稳定,安宁得几乎理所当然。如今一切都变了。随着美国总统特朗普过去一年反复扬言要得到格陵兰岛,这里的宁静被打破,世界最大岛屿成了全球舆论关注的一个焦点。
1. 这是2月7日在丹麦自治领地格陵兰岛首府努克拍摄的海边景色。新华社记者 李颖 摄
2. 这是2月6日拍摄的丹麦自治领地格陵兰岛景色。新华社记者 李颖 摄
