Connect with us

Europe

ရုရှားနိုင်ငံက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသစ် ခါဘာရော့စ်ခ်အား ရေချ

ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ကာဇန်အား ကျူးဘားနိုင်ငံ ဟာဗားနားမြို့ ဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ဆီဗရော့ဗင့်စ်ခ် ဆိပ်ကမ်းမြို့၌ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသစ် ခါဘာရော့စ်ခ်အား ရေချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။အဆိုပါ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအား ရေချသည့်အခမ်းအနားကို ရုရှားနိုင်ငံ၏ အထင်ကရ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် JSC Production Association Sevmash ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရေအောက်သုံး လက်နက်များနှင့် စက်ယန္တရားဖြင့် ထိန်းချုပ်စနစ်များ တပ်ဆင်ထားသော အဆိုပါ ရေငုပ်သင်္ဘောက ပင်လယ်သမုဒ္ဒရာများတွင် ရုရှားနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်နိုင်စွမ်း ရှိစေမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ရေငုပ်သင်္ဘောတည်ဆောက်မှုမှာ ပါဝင်ခဲ့သူအားလုံးကို သူတို့ရဲ့ အရည်အသွေးမြင့်မားပြီး တာဝန်ကျေပွန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒီရေငုပ်သင်္ဘောကို ပင်လယ်ပြင်မှာ လက်တွေ့စမ်းသပ်မှုတွေ အများကြီးလုပ်ဆောင်ရဦးမှာပါ။ ရေငုပ်သင်္ဘောအဖွဲ့သားတွေနဲ့ စမ်းသပ်စစ်ဆေးတဲ့အဖွဲ့တွေက အဲဒီတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်လိမ့်မယ်လို့ ဆန္ဒပြုပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘယ်လူဆော့ဗ်က ပြောကြားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

………………………………………………..
(English Version)
Russia launches Khabarovsk nuclear submarine
MOSCOW, Nov. 1 (Xinhua) — Russia launched a new nuclear submarine, the Khabarovsk, in the port city of Severodvinsk, the Russian Ministry of Defense announced on Saturday.
A launching ceremony of the nuclear submarine was held at JSC Production Association Sevmash, a major Russian shipbuilding enterprise, the ministry said in a release.
The submarine, equipped with underwater weapons and robotic systems, will enable Russia to defend its national interests in the oceans, according to the release.
“I would like to thank everyone involved in the submarine’s creation for their conscientious and high-quality work. The vessel still has to undergo a series of sea trials. I wish the crew and the commissioning team success in conducting them,” Russian Defense Minister Andrei Belousov was quoted as saying by the ministry.
Photo – This photo taken on June 12, 2024 shows Russian nuclear-powered submarine Kazan at the port of Havana, Cuba. (Photo by Joaquin Hernandez/Xinhua)