Europe
လူသေဆုံးစေခဲ့သော မတော်တဆမှုဖြစ်ပွားပြီးနောက် ရထားလမ်းဘေးကင်းရေး မြှင့်တင်ရန် ဒေါ်လာ ၂၄ သန်းကျော် ဒိန်းမတ် ရင်းနှီးမြှုပ်နှံမည်

အော်စလို၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဒိန်းမတ်နိုင်ငံသည် နိုင်ငံတောင်ပိုင်း Jutland ကျွန်းဆွယ်ရှိ မီးရထားဘူတာလေးခု၌ အန္တရာယ်ရှိသော စင်္ကြံလူကူးလမ်းများကို ဖယ်ရှားခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ဆောက်လုပ်ခြင်းဖြင့် ၎င်းဘူတာရုံများ၌ ဘေးကင်းလုံခြုံရေး တိုးတက်ကောင်းမွန်လာစေရန် ဒိန်းမတ် ခရိုနာ ၁၅၇ သန်း (အမေရိကန်ဒေါ်လာ ၂၄.၇၅ သန်း) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။မျက်နှာချင်းဆိုင်စင်္ကြံများသို့ ရောက်ရှိရန်အတွက် ခရီးသည်များ ခြေလျင်ဖြတ်ကူးရန် လက်ရှိလိုအပ်လျက်ရှိသည့် ဘူတာရုံများက အဆိုပါဘေးကင်းရေးစီမံကိန်များ၌ အကျုံးဝင်မည်ဖြစ်သည်။
ဒိန်းမတ်နိုင်ငံတောင်ပိုင်း Jutland ကျွန်းဆွယ်ဒေသတွင် လူ ၉၅ ဦး တင်ဆောင်လာသော ခရီးသည်တင်ရထားတစ်စင်းက ရထားလမ်းဖြတ်တစ်ခု၌ လမ်းဖြတ်ကူးသည့် လယ်ယာသုံးယာဉ်နှင့် တိုက်မိ၍ ရထားလမ်းချော်ကာ လူတစ်ဦးသေဆုံးပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့သည့် မတော်တဆမှုတစ်ခု စက်တင်ဘာ ၅ ရက်၌ ဖြစ်ပွားပြီးနောက် အဆိုပါရထားလမ်းဘေးကင်းလုံခြုံရေး မြှင့်တင်မည့်အစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ဝန်ကြီးဌာန၏အဆိုအရ ယင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၅ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ (၁ ဒိန်းမတ်ခရိုနာ = ၀.၁၆ အမေရိကန်ဒေါ်လာ) (Xinhua)
……………………………………………………………..
(English Version)
Denmark to invest over 24 mln dollars to improve rail safety after fatal accident
OSLO, Sept. 15 (Xinhua) — Denmark will invest 157 million Danish kroner (24.75 million U.S. dollars) to improve safety at four railway stations in southern Jutland by removing or redesigning dangerous platform crossings, the Ministry of Transport said Monday.
The safety projects will cover the stations where passengers are currently required to cross tracks on foot to reach opposite platforms.
The initiative comes after a fatal accident in southern Jutland, in which one person was killed and several others injured on Sept. 5 when a passenger train carrying 95 people collided with a farm vehicle at a railway crossing and derailed.
According to the ministry, work on the upgrades will begin in 2025. (1 Danish krone = 0.16 U.S. dollar) ■
English Caption
A man walks past Greenland’s parliament building in Nuuk, capital of Greenland, an autonomous territory of Denmark, March 19, 2025. (Xinhua/Zhao Dingzhe)