Connect with us

Europe

IS အကြမ်းဖက် တပ်ဖွဲ့များအား တိုက်ခိုက်ရန် ဂျာမနီ နိုင်ငံက မာလီ နိုင်ငံသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည်

မာလီနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတကာမှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအား တွေ့ရှိရစဉ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံက IS အကြမ်းဖက်တပ်ဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်ရန် အပါအဝင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ တာဝန်များအား လုပ်ဆောင်ရန် အတွက် မာလီ သို့ တပ်ဖွဲ့ဝင် ၆၅၀ စေလွှတ် သွားမည် ဖြစ်ကြောင်း ဂျာမနီ ကာကွယ်ရေး ဝန်ကြီး Ursula von der Leyen က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဝန်ကြီး ၏ ကြေညာချက်သည် အနည်းဆုံး လူပေါင်း ၁၃၀ ဦးသေဆုံးခဲ့သည့် ပဲရစ် အကြမ်းဖက်မှု အပြီး ၂ ပတ်ခန့် နှင့် မာလီနိုင်ငံ မြို့တော် ဘာမာကို ရှိ ဟော်တယ် တစ်ခုအား သေနတ်သမား ဝင်ရောက် ပစ်ခတ်မှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး တစ်ပတ်ခန့်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

Von der Leyen က ဂျာမန် တပ်ဖွဲ့ဝင်များသည် မာလီရှိ ပြင်သစ်ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွင် အထူးသဖြင့် ပို့ဆောင ်ထောက်ပံ့ခြင်း နှင့် ကင်းထောက် စုံစမ်းခြင်း ကိစ္စရပ်များအား ကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းမှ အဆိုပါ ဆုံးဖြတ်ချက် သည် ပြင်သစ် အပေါ် သက်ရောက်နေသည့် ဖိအားများအား လျော့ကျစေရန် ရည်ရွယ်ပြီး ပြင်သစ်၏ IS အကြမ်းဖက် အဖွဲ့အား တိုက်ခိုက်နေမှု ကို ပိုမို ထိရောက်စေကြောင်း ပြောကြားခဲ့သည်။

တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်း အား အတည်ပြုနိုင်ရန် အတွက် မကြာမီ လွှတ်တော်သို့ အဆိုတင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ပဲရစ် အကြမ်းဖက် တိုက်ခိုက် ခံရမှုကြောင့် ပြင်သစ်သည် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေး ရှေ့တန်း စစ်မျက်နှာသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ တစ်ချိန်က ပြင်သစ် လက်အောက်ခံ ဖြစ်ခဲ့သည့် မာလီတွင် ပြင်သစ် တပ်ဖွဲ့ဝင် ထောင်ကျော်ရှိပြီး လွန်ခဲ့သည့် တစ်ပတ်တွင် ဘာမာကို၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုသည် အနောက် အာဖရိက နိုင်ငံ အား ၎င်း၏ နယ်မြေ နယ်နိမိတ် အတွင်း အကြမ်းဖက် စစ်သွေးကြွများ ရန်မှ ကာကွယ်ရန် မတတ်နိုင်သေးသည်ကို မီးမောင်း ထိုးပြခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.