ပါရီ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ယခုကာလများတွင် အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာများအနက် ၉၀ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများဖြစ်ကြောင်း၊ ပြညသူလူထုအနေဖြင့် ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းကြောင်း ပြင်သစ်ဝန်ကြီးချုပ် Jean Castexက ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့စွန်၌ ဇူလိုင် ၂၀ ရက်တွင်စတင်ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာလေကြောင်း နှင့်အာကာသဝန်ဆောင်မှုပြပွဲ (MAKS)-2021 တွင် ၎င်းတို့၏ ပဉ္စမမျိုးဆက် အပေါ့စား အင်ဂျင်တစ်လုံးတပ် ဂျက်တိုက်လေယာဉ် “Checkmate” ကို ပထမဆုံး ပွဲဦးထွက် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ဘရက်ဆဲလ် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) လော်ရန့် (Laurent) က သူ့အနေဖြင့် အသက် ၄၀ နှစ်အရွယ်ရောက်လာသည်အထိ ဘယ်လ်ဂျီယံနိုင်ငံ Wallonia ဒေသ Verviers မြို့ငယ်လေးတွင် ယခုကဲ့သို့ အပျက်အစီးများဖြစ်ရသည်အထိ အလွန် ဆိုးရွားသော ရေကြီးရေလျှံမှု မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးခဲ့ကြောင်း ဆိုသည်။...
လန်ဒန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံကျန်းမာရေးဝန်ကြီး Sajid Javid သည် ၎င်းအနေဖြင့် ပြီးခဲ့သော ညပိုင်းက အားအင်ကုန်ခမ်း ချိနဲ့သည်ဟုခံစားရပြီးနောက် COVID-19 ရောဂါစစ်ဆေးခဲ့ရာတွင် Positive ရလာဒ်ထွက်ပေါ်ခဲ့ကြောင်း စနေနေ့က ထုတ်ဖော် ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဥရောပတိုက် နေရာအများအပြားတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံနှင့် လမ်းများပျက်စီးခဲ့ကာ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၆ ရက်အထိ ရေဘေးကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
လစ္စဘွန်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံတွင် ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးနောက် Janssen ဓာတ်ခွဲခန်းမှ ကာကွယ်ဆေးများအား ဆက်လက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း အမျိုးသား ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များအာဏာပိုင် (Infarmed) က ဇူလိုင် ၁၅ ရက်က ကြေညာခဲ့သည်။
ဘာလင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Rhineland-Palatinate ပြည်နယ်နှင့် North Rhine-Westphalia ပြည်နယ်တို့တွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး (၅၈)ဦးအထိရှိလာခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံမီဒီယာအရသိရသည်။
ဘာလင်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း၌ ဇူလိုင် ၁၄ ရက်ညတွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် လူ ၃၀ ဦးပျောက်ဆုံးနေကြောင်း ဒေသတွင်း မီဒီယာက ဇူလိုင် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ဝါဆော၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Mateusz Morawiecki က ၎င်း၏အစိုးရအနေဖြင့် အသက် ၁၂ နှစ်အောက် ကလေးများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။
အေသင်၊ ဇူလိုင် ၁၅ (ဆင်ဟွာ) ဂရိနိုင်ငံတွင် မကြာသေးမီက COVID-19 ရောဂါ မြင့်တက်လာခြင်းသည် မေလလယ်ပိုင်းက နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းနှင့် ဆက်စပ်မှုမရှိကြောင်း ဂရိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Harry Theoharis က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။