လန်ဒန် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ အစိုးရ ၏ ဇွန် ၂၈ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၂၂,၈၆၈ ဦးရှိပြီး ယခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှစ၍ အမြင့်ဆုံး စံချိန်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း နှင့် ရောဂါ ကူးစက်ခံရသူ...
လန်ဒန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ် (Matt Hancock) သည် နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုမြင့်တက်ခဲ့ရသည့် ၎င်း၏ အနီးကပ်လက်ထောက်အမျိုးသမီးတစ်ဦးနှင့် စွပ်စွဲခံနေရစဉ်အတွင်း COVID-19 ဆိုင်ရာ လူချင်းခပ်ခွာခွာနေထိုင်မှု စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မိကြောင့် ဝန်ခံခဲ့ပြီးနောက် ဇွန် ၂၆ ရက်တွင် ရာထူးမှ...
မော်စကို ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံနှင့်အတူ နိုင်ငံပေါင်းစုံပါဝင်သော စစ်ရေးလေ့ကျင့်မှုတစ်ခု မစတင်မီ ရက်ပိုင်းအလိုတွင် ပင်လယ်နက်အတွင်း ချဉ်းကပ်ဝင်ရောက်လာသော အမေရိကန် ပဲ့ထိန်း-ဒုံးကျည်ဖျက် စစ်သင်္ဘော Ross ကို ၎င်း၏ ပင်လယ်နက်ရေယာဉ်အုပ်စုက လိုက်ပါစောင့်ကြည့်နေကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပရက်ဂ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ချက်သမ္မတနိုင်ငံ South Moravia ဒေသတွင် ဇွန် ၂၄ ရက် ညပိုင်းက လေဆင်နှာမောင်းနှင့် မိုးသီးကြွေကျခြင်းများကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။ တစ်ညလုံးတွင် ကယ်ဆယ်ရေးသမားများက လူပေါင်း...
မော်စကို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ဗြိတိန်ရေတပ် “HMS Defender”ဖျက်သင်္ဘော ပင်လယ်နက်ရေပြင်တွင် ရုရှားနယ်စပ်ကို ကျူးကျော်လာမှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်သံအမတ်ကြီး Deborah Bronnertကို ဆင့်ခေါ်၍ ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပင်လယ်နက်ရေပြင်၌ ဗြိတိန်ရေတပ်ဖျက်သင်္ဘော ရုရှားနယ်စပ်ကို...
ဂျီနီဗာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံသည် ဇွန် ၂၆ ရက်မှစ၍ COVID-19 ဆောင်ရွက်ချက်များစွာကို ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး သိသာထင်ရှားစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများအတွက် စည်းမျဉ်းစည်းကမ်းများကိုလည်း ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
မော်စကို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) အမေရိကန် နှင့် ဗြိတိန်နိုင်ငံတို့သည် ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုဒ်ကို ပစ်မှတ်ထား၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံက စွပ်စွဲပြောကြားလိုက်သည်။
မော်စကို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တင်းမာမှုများ မြင့်တက်နေခြင်းနှင့် လက်နက်အပြိုင်တပ်ဆင်မှုအသစ်တစ်ခု အမှန်တကယ်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဥရောပလုံခြုံရေးစနစ်တစ်ခုလုံးသည် လွန်စွာလျော့နည်းကျဆင်နေပြီ ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။
ဝါရှင်တန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး John Sullivan သည် ယခုရက်သတ္တပတ်အတွင်း မော်စကိုသို့ ပြန်လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။
မော်စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက် (Open Skies Treaty)မှ ဒီဇင်ဘာ ၁၈ ရက်တွင် ရုရှား နုတ်ထွက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၈ ရက်တွင် ကြေညာခဲ့သည်။ ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက်(Open Skies Treaty)မှ နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို...