ဗွီနီးယက်စ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ဘီလာရုစ်နိုင်ငံ၏ ဓာတ်မြေဩဇာထုတ်လုပ်လုပ်ရေးအား အရေးယူပိတ်ဆို့ထားသော်လည်း အငြင်းပွားဖွယ် Belaruskali ထုတ်ကုန်များအား လစ်သူယေးနီးယားနိုင်ငံမှတစ်ဆင့် သယ်ယူပို့ဆောင်နေသည့်ကြားမှ လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis က ဒီဇင်ဘာ ၁၀ ရက်၌ ရာထူးမှနုတ်ထွက်စာ တင်ခဲ့ကြောင်း သိရသည်။
မော်စကို၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ်တစ်စင်းသည် ပင်လယ်နက်ပေါ်တွင် အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်းကို ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ပင်လယ်နက် ဝေဟင်ထက်၌ စစ်ရေးလှုပ်ရှားမှုများ မပြတ် အရှိန်အဟုန် မြှင့်တင်နေခြင်းသည် အရပ်ဘက် လေကြောင်း လုံခြုံရေးကို အန္တရာယ်ဖြစ်စေကြောင်း ဒီဇင်ဘာ ၈ ရက်က ရုရှားမှ အမေရိကန်သို့ အသိပေးခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက...
မော်စကို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က တရုတ်နိုင်ငံ ရထားလမ်းဖောက်လုပ်ရေးကော်ပိုရေးရှင်းလီမိတက် (CRCC) မှ တည်ဆောက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မော်စကို မြေအောက်ရထားလမ်း အပိုင်းသစ်အား ဒီဇင်လဘာ ၇ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဒီဇင်ဘာ ၇ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံ၍ ယူကရိန်းနိုင်ငံအခြေအနေနှင့် နှစ်နိုင်ငံဆက်ဆံရေးပြဿနာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘရပ်ဆဲလ်မြို့၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားလုံး မဖြစ်မနေ ကာကွယ်ဆေးထိုးနှံကြရန် အစိုးရ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ကာ ဒီဇင်ဘာ ၇ ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၄,၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သည် ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် အစင်း ၈၀ ဝယ်ယူမည့် မှာယူမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း UAE တာဝန်ရှိသူများက ဒီဇင်ဘာ ၃ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ စာချုပ်သည်...
လစ်စဘွန်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ ပြည်ထဲရေး ဝန်ကြီး Eduardo Cabrita သည် လူအသေအပျောက်ရှိခဲ့သော ယာဉ်တိုက်မှုတွင် ၎င်း၏ ယာဉ်မောင်းပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ ပြည်သူ့အစိုးရရှေ့နေရုံးက စွပ်စွဲချက်တင်ပြီးနောက် ဒီဇင်ဘာ ၃ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် နိုင်ငံအရှေ့ပိုင်းတွင် ၎င်း၏စစ်အင်အားကို အားကောင်းစေရန် လုပ်ဆောင်နေကြောင်းနှင့် ၎င်း၏တပ်ဖွဲ့ဝင် တစ်ဝက်ကို ထိုနေရာတွင် ဖြန့်ကျက်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ရုရှားသံတမန်များကို နှင်ထုတ်ရန် အမေရိကန်နိုင်ငံက ဆုံးဖြတ်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများအား နှစ်လ အတွင်း ရုရှားနိုင်ငံမှ အပြီးထွက်ခွာသွားရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။