ဒပ်ဗလင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံသည် ဒီဇင်ဘာ ၃ ရက်မှစ၍ နိုင်ငံအတွင်း ဝင်ရောက်လာရောက်သူအားလုံးအနေဖြင့် COVID-19 ရောဂါကင်းစင်ကြောင်း ဆေးစစ်ချက် လိုအပ်မည်ဟု အိုင်ယာလန်အစိုးရက နိုဝင်ဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။
အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ နိုဝင်ဘာ ၂၉ ရက်မှစတင်၍ လေပြင်းမုန်တိုင်းများကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း ဒေသတွင်း မီဒီယာ၏ ဖော်ပြမှုအရ သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးများ၏ မကြုံစဘူး မြင့်မားသော အဆင့်တစ်ခုအတွက် ကျေနပ်အားရမှုရှိကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။
မော်စကို ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက လုပ်ကြံပြောဆိုထားသည့် ယူကရိန်းနိုင်ငံအား ရုရှားက ကျူးကျော်ဝင်ရောက်ရန် အစီအစဉ်များ မရှိကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Sergei Naryshkin က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ပါဝင်ပတ်သက်သည့် အဖြစ်အပျက်ကို အသေးစိတ် ရှင်းလင်းရန် တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အား နိုဝင်ဘာ ၂၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
မင့်စ်ခ် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံသည် ဘီလာရုစ်နိုင်ငံရှိ ဒုက္ခသည် ၁,၀၀၀ ခန့်ထံမှ နေရပ်ပြန်လိုသော တောင်းဆိုမှုများကို လက်ခံရရှိခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်သည့် ဘီလာရုစ်မီဒီယာ၏ အစီရင်ခံချက်များအရ သိရသည်။
မော်စကို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Kemerovo ဒေသရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် နိုဝင်ဘာ ၂၅ ရက်က မီးခိုးငွေ့များ ဖုံးလွှမ်းသွားပြီးနောက် ကယ်ဆယ်ရေးသမား ၆ ဦးအပါအဝင် လူပေါင်း ၅၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အော့တဝါ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံရှိ ကလေးငယ် ၁.၃ သန်းကျော် သို့မဟုတ် ၁၇.၇ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်နေရကြောင်း Campaign 2000 မှ နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ထားသည့် နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။ အစားအသောက်များ ဆုံးရှုံးခြင်း၊ အဝတ်အစားပုံစံ...
စတော့ဟုမ်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဖြစ်သူ Magdalena Andersson သည် ဆွီဒင်ပါလီမန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် နိုဝင်ဘာ ၂၄ ရက်တွင် ရွေးကောက်တင်မြှောက်ခံရပြီးနောက် မကြာမီမှာပင် လူနည်းစုညွန့်ပေါင်းအစိုးရကို ဦးဆောင်ရန် ခက်ခဲကြမ်းတမ်းသော အနေအထားဖြစ် ရင်ဆိုင်ခဲ့ရခြင်းနှင့်အတူ ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်အဖြစ်...
ပါရီ၊နိုဝင်ဘာ ၂၅ (ဆင်ဟွာ) တရားမဝင်ခိုးဝင်လာသူ တင်ဆောင်လာသောရေယာဉ် တစ်စီးသည် နိုဝင်ဘာ ၂၄ ရက်တွင် ပြင်သစ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ Calais အနီး ရေပြင်တွင် နစ်မြုပ်ခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်မီဒီယာက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။