ဘရပ်ဆဲလ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဥရောပတိုက် နေရာအများအပြားတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံနှင့် လမ်းများပျက်စီးခဲ့ကာ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၆ ရက်အထိ ရေဘေးကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
လစ္စဘွန်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံတွင် ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးနောက် Janssen ဓာတ်ခွဲခန်းမှ ကာကွယ်ဆေးများအား ဆက်လက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း အမျိုးသား ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များအာဏာပိုင် (Infarmed) က ဇူလိုင် ၁၅ ရက်က ကြေညာခဲ့သည်။
ဘာလင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Rhineland-Palatinate ပြည်နယ်နှင့် North Rhine-Westphalia ပြည်နယ်တို့တွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး (၅၈)ဦးအထိရှိလာခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံမီဒီယာအရသိရသည်။
ဘာလင်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း၌ ဇူလိုင် ၁၄ ရက်ညတွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် လူ ၃၀ ဦးပျောက်ဆုံးနေကြောင်း ဒေသတွင်း မီဒီယာက ဇူလိုင် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ဝါဆော၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Mateusz Morawiecki က ၎င်း၏အစိုးရအနေဖြင့် အသက် ၁၂ နှစ်အောက် ကလေးများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။
အေသင်၊ ဇူလိုင် ၁၅ (ဆင်ဟွာ) ဂရိနိုင်ငံတွင် မကြာသေးမီက COVID-19 ရောဂါ မြင့်တက်လာခြင်းသည် မေလလယ်ပိုင်းက နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းနှင့် ဆက်စပ်မှုမရှိကြောင်း ဂရိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Harry Theoharis က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အော့တဝ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်Penelakutကျွန်းရှိ ဌာနေတိုင်းရင်းသား ကလေးငယ်များ ဘော်ဒါကျောင်းဟောင်းတစ်ခု အနီးတွင် အမှတ်အသားမရှိသည့် သင်္ချိုင်းအုတ်ဂူ (၁၆၀)ကျော် တွေ့ရှိရကြောင်း ကနေဒါရုပ်မြင်သံကြားက ဇူလိုင် ၁၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
လန်ဒန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ယနေ့ တနင်္ဂနွေနေ့ ညမှာတော့ ယူရို၂၀၂၀ (Euro2020) ဗိုလ်လုပွဲအဖြစ် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ဝင်ဘလေကွင်းကြီးမှာ နိုင်ငံတကာပြိုင်ပွဲစုံ ၃၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ နာမည်ကျော် အီတလီအသင်း နဲ့ နိုင်ငံတကာ အဓိက ပြိုင်ပွဲတွေမှာ ၅၅...
စတော့ဟုမ်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဆွီဒင်နိုင်ငံရှိ လေဆိပ်တစ်ခု၌ ဇူလိုင် ၈ ရက် ညနေပိုင်းတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြောင်း သိရသည်။ လေယာဉ်မှူးအပါအဝင် လေယာဉ်ပေါ်တွင် လူ ၉ ဦး ပါရှိပြီး မြို့တော် စတော့ဟုမ်း၏ အနောက်ဘက် ၁၆၀ ကီလိုမီတာအကွာ...
မော်စကို၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ် Su-30 တိုက်လေယာဉ် နှစ်စီးသည် ပင်လယ်နက် ရုရှားလေပိုက်နက်သို့ ဝင်ရောက်လာသည့် ကင်းလှည့်လေယာဉ်တစ်စီးကို ဇူလိုင် ၆ ရက်က တားဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။