ပါရီ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြင်သစ်နိုင်ငံရှိ မြို့အများအပြားတွင် ဒီဇင်ဘာ ၅ ရက်က ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ရာ အချို့နေရာများတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ၆၀ ကျော် အဖမ်းခံခဲ့ရကြောင်း သိရသည်။
လန်ဒန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နှင့် ဥရောပကောင်စီ ဥက္ကဋ္ဌUrsula von der Leyenတို့က ဒီဇင်ဘာ ၅ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပြီးနောက် ၎င်းတို့၏အဖွဲ့များအား ဒီဇင်ဘာ ၆ ရက်မှစ၍ ကုန်သွယ်ရေး သဘောတူညီချက်ကို...
မော်စကို၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် လူထုကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် စတင်ပြီဖြစ်ကြောင်း မော်စကိုမြို့တော်ဝန် Sergei Sobyanin က ဒီဇင်ဘာ ၄ ရက်နေ့တွင် ကြေညာခဲ့သည်။
လန်ဒန်၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျာမနီ BioNTech ကုမ္ပဏီနှင့် အမေရိကန် Pfizerကုမ္ပဏီတို့ ပူးပေါင်း သုတေသနပြုထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးကို လက်တွေ့ထိုးနှံအသုံးပြုရန် ဗြိတိန် ဆေးဝါးနှင့်ကျန်းမာရေးထုတ်ကုန် ပစ္စည်းများ ကြီးကြပ်ကွပ်ကဲရေး အေဂျင်စီ (MHRA) က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အစိုးရက ဒီဇင်ဘာ ၂...
မော်စကို၊ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ရုရှားနိုင်ငံ သမ္မတဗလာတီမာပူတင်က လာမည့်ရက်သတ္တပတ်၌ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အများအပြားထိုးနှံမှု စတင်ရန် အစိုးရအဖွဲ့အား ဒီဇင်ဘာ ၂ ရက်တွင် လမ်းညွှန်ချက်ပေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြင်သစ် ရဲတပ်ဖွဲ့ဝင် ၄ ဦးသည် မြို့တော်ပါရီတွင် လူမည်းအမျိုးသား တစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု သံသယရှိသဖြင့် နိုဝင်ဘာ ၃၀ ရက်က တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ရိုက်နှက်မှု နှင့် ပြင်သစ် ရဲဘက်ဆိုင်ရာ ဥပေဒစိုးမိုးရေး ဥပဒေမူကြမ်းကြောင့် ပြီးခဲ့သည့်ရက်များက...
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)၏ အဆင့်မြင့်အရာရှိတစ်ဦးသည် အီရတ်နှင့်ဆီးရီးယားနယ်စပ်၌ မောင်းသူမဲ့ယာဉ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း အီရတ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်များက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ရောမ ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် စမတ်ဖုန်းထုတ်လုပ်သည့် Apple ကုမ္ပဏီသည် အီတလီနိုင်ငံတွင် လွဲမှားစွာကြော်ငြာခြင်း နှင့် စီးပွားရေး မလျော်မကန် လုပ်ဆောင်ခြင်း တို့ကြောင့် ဒဏ်ကြေးငွေ ယူရို ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၂ သန်း) ပေးဆောင်ရန် ချမှတ်လိုက်ကြောင်း အီတလီနိုင်ငံ...
ပါရီ ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က တေးသံသွင်းပိုင်ရှင် လူမည်းအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်နေသည့် ဗီဒီယိုရုပ်သံဖိုင်နှင့်ပတ်သက်၍ နိုင်ငံအတွက် “ လုံးဝလက်ခံနိုင်စရာမရှိ ၊ ရှက်ရွံ့ဖွယ်ဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုဝင်ဘာ ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။