မော်စကို ၊ မတ် ၂၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၌ နွေရာသီကာလ နှောင်းပိုင်းတွင် COVID-19 တိုက်ဖျက်ရေးအတွက် လူအများကြား ကိုယ်ခံအားစနစ် ရရှိနိုင်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၅ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ ရှေ့ပိုင်းဒေသများတွင် ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ရာ ဆစ်ဒနီမြို့တွင် ၂၃ ရက်က ရာသီဥတုပြန်လည်ကောင်းမွန်ခဲ့သည်။ ယင်းမြို့နေပြည်သူများကို ရေဘေးအပြီး သတိပေးအကြောင်းကြားစာများ ပေးပို့ခဲ့ရာတွင် ကမ္ဘာ့အဆိပ်အပြင်းဆုံး ပင့်ကူတစ်မျိုးဖြစ်သည့် Funnel-web Spiderများသည် နေအိမ်များထဲသို့ ဝင်လာနိုင်ကြောင်း ဆိုသည်။
မော်စကို ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရုရှားနိုင်ငံ ပြည်တွင်းထုတ် ကာကွယ်ဆေး သုံးမျိုးအနက် တစ်မျိုးကို မတ် ၂၃ ရက်တွင် ထိုးနှံမှုခံယူခဲ့ကြောင်း ရုရှားနိုင်ငံသမ္မတနန်းတော်(ကရင်မလင်နန်းတော်)၏ ထုတ်ပြန်ကြေညာမှုအရ သိရသည်။
ဘရပ်ဆဲလ်၊ မတ် ၁၉ ရက်(ဆင်ဟွာ) ယခုနှစ် ဇန်နဝါရီလတွင် ဥရောပသမဂ္ဂမှ တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏစုစုပေါင်း ယူရိုငွေ (၁၆.၁) ဘီလီယံရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် (၆.၆) ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း ဥရောပသမဂ္ဂ စာရင်းအင်းဌာန(Eurostat)၏ မတ် ၁၈ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဖော်ပြထားသည်။ နှစ်ဖက်ကုန်သွယ်ရေး၏ စုစုပေါင်းပမာဏသည်...
လန်ဒန်၊ မတ် ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် မတ် ၁၆ ရက်အထိ ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးသူ (၂၅,၂၇၃,၂၂၆)ဦး ရှိရာ စုစုပေါင်းလူဦးရေ၏ သုံးပုံတစ်ပုံကျော်က ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၁၇ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
ဆန်တီရာဂို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် လူထုကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်း စတင်ခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်မှစ၍ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံပြီးသူ အရေအတွက်မှာ မတ် ၁၆ ရက်၌ ၅ သန်းကျော်ရှိလာသည့် သမိုင်းမှတ်တိုင်ဖြစ်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဘရပ်ဆဲ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဥရောပကော်မရှင်သည် ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်အတွက် Pfizer/BioNTech ၏ COVID-19 ကာကွယ်ဆေး ၁၀ သန်းပေးပို့နိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်ရန် မတ် ၁၆ ရက်က အဆိုပြုခဲ့ကြောင်း သိရသည်။
ရောမ၊ မတ် ၇ ရက်(ဆင်ဟွာ) ယခုကာလများတွင် နိုင်ငံတကာ စားသောက်ကုန်ဈေးနှုန်းမြင့်တက်လာမှုသည် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်နေမှုကို ပိုမို၍ဆိုးဝါးလာစေနိုင်ကြောင်း၊ အထူးသဖြင့် အင်အားလျော့နည်းလူအုပ်စုများ၊ စားနပ်ရိက္ခာအခက်အခဲနှင့်ငတ်မွတ်ခေါင်းပါးသူများအတွက် ပို၍ ဆိုးဝါးနိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)ဈေးကွက်လေ့လာသုံးသပ်သူ Shirley Mustafaက ပြီးခဲ့တဲ့ရက်များတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ဝယ်လ်လင်တန်၊ မတ် ၅ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ အစိုးရက မြောက်ပိုင်းကျွန်း (North Island) ကမ်းလွန်ပင်လယ်ပြင်၌ တစ်ညအတွင်း အင်အားပြင်းငလျင်သုံးခုလှုပ်ခတ်ခဲ့ပြီးနောက် မတ် ၅ ရက်၌ ဘေးလွတ်ရာပြောင်းရွှေ့ရေး ညွှန်ကြားချက်များကို ဖြေလျှော့ရန် ကြေညာခဲ့ပြီး “ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြသော ပြည်သူများအားလုံးအနေဖြင့် ယခုအခါ အိမ်ပြန်နိုင်ပြီဖြစ်ကြောင်း”...
ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား ဒုတိယအကြိမ်စွပ်စွဲပြစ်တင်ရန် အထက်လွှတ်တော် ဆီးနိုတ်၌ မဲခွဲရာတွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် နှစ်ရက်အကြာ အမေရိကန်နိုင်ငံ လွှတ်တော်ဥက္ကဌ နန်စီပလိုစီက ကက်ပီတိုလွှတ်တော်အဆောက်အဦ၌ ဇန်နဝါရီ ၆ ရက်က ဖြစ်ပွားခဲ့သော အလွန်အမင်းစိုးရိမ်စရာကောင်းသည့် အဓိကရုဏ်းဖြစ်ပွားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် “ ၉/၁၁ –...