ဗီယင်နာ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် ဩဂုတ် ၁၇ ရက်က လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲ အသစ်တစ်ဖန် ကျင်းပခဲ့ရာ New START မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါဆော၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ဩဂုတ် ၁၅ ရက်က ပိုလန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ပိုလန်တွင် တပ်ဖွဲ့ဝင် တိုးမြှင့်ချထားရန် တရားဝင် အတည်ပြုခဲ့သည်။ သုံးသပ်လေ့လာသူအချို့က အဆိုပါ သဘောတူညီချက်သည် ပိုလန်-အမေရိကန် ဆက်ဆံရေး...
ဝါရှင်တန် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ညီငယ်ဆုံး ဖြစ်သူ ရောဘတ်ထရမ့်(Robert Trump) သည် ဩဂုတ် ၁၅ ရက် ညပိုင်းက ကွယ်လွန်သွားကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်အရွယ်ရှိကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့သည်။
မော်စကို ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် က သြဂုတ် ၁၂ ရက် ၌ ကမ္ဘာ့ပြေးခုန်ပစ် အဖွဲ့ချုပ် ထံသို့ ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၆.၃၁ သန်း ပေးအပ် ခဲ့ပြီးထုတ်ပယ်ခံရခြင်း မှ...
ပဲရစ် ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ပြင်သစ် နိုင်ငံ ဝန်ကြီးချုပ် Jean Castex က သြဂုတ် ၁၁ ရက် ၌ ပြောကြားရာတွင် နိုင်ငံအ တွင်း ကပ်ရောဂါ အခြေအနေ က ပိုမို ဆိုးရွားလာသဖြင့် အများပြည်သူ သွားလည်သည့်...
ဝါရှင်တန် ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော်အပြင်ဘက်၌ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ရရှိခဲ့ပြီးနောက် အိမ်ဖြူတော်အတွင်း ပြုလုပ်နေဆဲ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သမ္မတဒေါ်နယ်ထရမ့်သည် လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်များ၏ အစောင့်ရှောင်ဖြင့် ခေတ္တ ခဏ အပြင်ဘက်သို့ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
မော်စကို ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ Su-27 တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်ရေတပ်မှ ရေဒီယို-နည်းပညာ သုံး ကင်းထောက် လေယာဉ်တစ်စင်းအား ဩဂုတ် ၉ ရက်က ပင်လယ်နက်ပေါ် ဖြတ်ကျော် ပျံသန်းလာစဉ် ကြားဖြတ်ဟန့်တားလိုက်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
မော်စကို ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ တိုက်လေယာဉ် က သြဂုတ် ၇ ရက် ၌ Okhotsk ပင်လယ်ပေါ် တွင် ရုရှား နိုင်ငံ နယ်နိမိတ် သို့ ချဉ်းကပ်လာသော အမေရိကန် နိုင်ငံ ဗုံးကြဲ လေယာဉ်...
မော်စကို ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) ရုရှား တိုက်လေယာဉ် က သြဂုတ် ၅ ရက် တွင် ပင်လယ်နက် ပေါ် ဖြတ်ကျော်ပျံသန်းလာသော အမေရိကန် ကင်းထောက်လေယာဉ် ၂ စင်း အား တားဆီး ခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ချက်စတာစီးတီးဘောလုံးအသင်းသည် စပိန်လူငယ်ကစားသမား ဖာနန် တောရက်စ်အား ဗလန်စီယာအသင်းထံမှ ငါးနှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဩဂုတ် ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။