ဘာလင်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အစိုးရက ၂၀၃၀ ခုနှစ်အတွက် နိုင်ငံ၏ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ရာတွင် အောင်မြင်မှုရှိစေရန် “ခိုင်လုံသော လုပ်ဆောင်မှုများ” အား စက်တင်ဘာလ ၂၀ ရက်တွင် သဘောတူလိုက်ကြောင်း တရားဝင် ဝက်ဘ်ဆိုက်တွင် ကြေညာထားချက်အရ သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရာသီဥတုနှင့် ဆက်စပ်သောလူသားချင်းစာနာထောက်ထားမှု အကူညီများသည် နှစ်စဉ်နှစ်တိုင်း လိုအပ်နေပြီး ၂၀၅၀ပြည့်နှစ်တွင် နှစ်ဆပိုမိုလိုအပ်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့အစည်း (IFRC)များက အသစ်ထုတ်ပြန်သော အစီရင်ခံအရ သိရသည်။
ပဲရစ်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီဖယ်မျှော်စင် နံဘေးတွင် နံရံများနှင့် တိုင်များပေါ်၌ “ငြိမ်းချမ်းရေး” ဟူသော စာလုံးများအား ဘာသာစကား ၃၂ မျိုးဖြင့် ကမ္ဗည်းရေးထိုးထားကြောင်း သိရသည်။ (Xinhua)
စက်တင်ဘာလ 20 ရက်(ဆင်ဟွာ) တူရကီနိုင်ငံအနောက်မြောက် Bilecik ပြည်နယ် ဥမင်လိုဏ်ခေါင်းတစ်ခုတွင် မီးရထားဘီးချော်မှုဖြစ်ပေါ်၍ လူ ၂ ဦးသေဆုံးခဲ့ကြောင်း စက်တင်ဘာလ ၁၉ ရက်ဆင်ဟွာ အစ္စတန်ဘူလ်သတင်းထုတ်ပြန်ချက်အရသိရှိရသည်။
နီကိုးဆီးရား၊စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဆိုက်ပရပ်စ်နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့သည် စက်တင်ဘာ ၁၉ ရက်က ဆီးရီးယားဒုက္ခသည် ၁၂ ဦးကို ကယ်ဆယ်ရမိကြောင်း သိရသည်။
ဝါရှင်တန်၊စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နှင့်ဘီလာရုဇ်နှစ်နိုင်ငံအကြား နှစ်နိုင်ငံသံအမတ်များကို ၁၀ နှစ်ကြာပြန်လည် ခေါ်ယူထားကြပြီးနောက်တွင် ပြန်လည် ခန့်အပ်မည်သွား ဖြစ်ကြောင်း အမေရိကန်နိုုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale ၏ စက်တင်ဘာ ၁၇ ရက်က အတည်ပြု ထုတ်ပြန်ချက်အရသိရသည်။
ဘာလင် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဂျာမနီအစိုးရက စက်တင်ဘာ ၁၈ ရက် တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ လက်နက်ရောင်းချပိတ်ပင်မှုအား နောက် ထပ် ၆ လ တိုးချဲ့ပိတ်ပင်လိုက်ကြောင်း ၊ ဂျာမနီအစိုးရ သတင်းဌာနကဆိုသည်။
မော်စကို၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ပူတင်သည် စက်တင်ဘာ ၁၈ ရက် ညနေက မော်စကိုမြို့ ကရင်မလင်နန်းတော် တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စိန့်ပီတာစဘာ့ဂ်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နှင့်အတူ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက စိန့်ပီတာစဘာ့ဂ်မြို့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
စိန့်ပီတာစဘာ့ဂ်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက အထူးလေယာဉ်ဖြင့် စိန့်ပီတာစဘာ့ဂ်မြို့ Pulkovoလေဆိပ်သို့ရောက်ရှိခဲ့ရာ ရုရှားဂုဏ်ပြုတပ်ဖွဲ့က တရုတ်-ရုရှား နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများတီးမှုတ်၍...