လန်ဒန် ၊ မေ ၂ ရက်(ဆင်ဟွာ) ဝီကီလိခ်(Wikileaks) အဖွဲ့ကို ပူးတွဲတည်ထောင်သူ ဂျူလီယံအန်ဆန်အား အာမခံပေးထားသည့် အခြေအနေများကို ချိုးဖောက်မှုဖြင့် မေ ၁ ရက်တွင် ထောင်ဒဏ် ရက်သတ္တပတ် ၅ဝ ချမှတ်လိုက်ကြောင်း သိရသည်။
လန်ဒန် ၊ မေ ၂ ရက်(ဆင်ဟွာ) ခွင့်ပြုချက်မရှိသော သတင်းအချက်အလက်များကို ထုတ်ဖော်ဖွင့်ဟမှုဖြင့် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Gavin Williamson အား ဝန်ကြီးချုပ်က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ဒေါင်းနင်းလမ်းဝန်ကြီးချုပ်အိမ်တော်က မေ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကိဗ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Luhansk ဒေသ ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းက ထိန်းချုပ်ထားသော ဧရိယာတွင် ဧပြီ ၂၆ရက်က ကျောက်မီးသွေးတွင်း မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၁၄ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတစ်ဦးက ဧပြီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။
ကိဗ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ယူကရိန်းရုပ်ရှင်သရုပ်ဆောင် ဗိုလော့ဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) က ဆန္ဒမဲ ၇၃.၂ ရာခိုင်နှုန်းဖြင့် ဧပြီလ ၂၁ ရက်က အနိုင်ရရှိသွားခဲ့ကြောင်း ယူကရိန်းနိုင်ငံပိုင် သတင်းအေဂျင်စီ Ukrinform က ပြောကြားခဲ့သည်။
အန်ကာရာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တူရကီ နိုင်ငံက အမေရိကန်ထုတ် F-35 ဂျက်တိုက်လေယာဉ်များအား ဝယ်သူ ဖြစ်ရုံသာမက ထုတ်လုပ်မှု အစီ အစဉ်၏ နည်းပညာ လက်တွဲဖက်လည်း ဖြစ်ကြောင်း တူရကီ နိုင်ငံ သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ Ibrahim Kalin က...
လစ္စဘွန်း ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ဂျာမနီ ခရီးသွား ၅၅ ဦး တင်ဆောင်လာသည့် ခရီးသွားယာဉ်တစ်စီးသည် ဧပြီ ၁၇ ရက်က ပေါ်တူဂီနိုင်ငံ Madeira ကျွန်းတွင် မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး လူပေါင်းများစွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများအနက်...
ပဲရစ်၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်သည် Notre Dameဘုရားကျောင်း မီးအကြီးအကျယ်လောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ ဧပြီ ၁၆ ရက် ညပိုင်းက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာ ဘုရားကျောင်းအား ငါးနှစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်သွားလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ကိဗ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အလယ်ပိုင်း ချာကက်စီဒေသရှိ စာသင်ကျောင်း၌ မည်သည့်အကြောင်းအရာကြောင့် မသိရသေးဘဲ ကလေးငယ် ၇၅ ဦးထက်မနည်း အဆိပ်သင့်သည့် လက္ခဏာပြခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ပဲရစ်၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ) မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့် Notre Dameဘုရားကျောင်းကို ပြန်လည်ပြုပြင်တည်ဆောက်မည်ဟု ပြင်သစ်သမ္မတ မိုက်ခရွန်က ဧပြီ ၁၅ ရက် ညပိုင်းက အချင်းဖြစ်ပွားသောနေရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဟယ်လ်ဆင်ကီ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ၏ အတိုက်အခံပါတီဖြစ်သော ဆိုရှယ် ဒီမိုကရက်တစ်ပါတီ (Social Democratic Party) က လွှတ်တော်၌ နေရာ ၄၀ ရရှိကာ အင်အားအကြီးဆုံးဖြစ်လာနိုင်ဖွယ်ရှိကြောင်း အမျိုးသား အသံလွှင့်ဌာန Yle က ဧပြီလ ၁၄ ရက်ညပိုင်း၌ ခန့်မှန်းခဲ့သည်။