လန်ဒန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အဓိကကျသောဝန်ကြီးနှစ်ဦး တစ်နေ့တည်းတွင် ရာထူးမှနုတ်ထွက်သွားသည့်အတွက် အထိတ်အလန့်ဖြစ်ခဲ့ပြီးနောက် ဖိအားအသစ်များနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက ဆင်ဟွာသို့ ဇူလိုင် ၅ ရက်၌ ပြောကြားခဲ့သည်။
ရောမ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ မြောက်ပိုင်း၌ ရေခဲမြစ် အရည်ပျော်ကျမှုဖြစ်ပွားပြီး နောက်တစ်နေ့တွင် ရေခဲမြစ်အရည်ပျော်ခြင်းကြောင့် သိသိသာသာ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ ဇူလိုင် ၄ ရက်တွင် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်ခဲ့သဖြင့် သေဆုံးသူအရေအတွက်မှာ၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံသည် ဇူလိုင်လအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဇူလိုင် ၁ ရက်က တာဝန်ယူလက်ခံခဲ့ကြောင်း သိရသည်။ ဇူလိုင်လအတွင်း ဘရာဇီးနိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီနှင့် အခြားကုလအဖွဲ့အစည်းများအကြား၊ အထူးသဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကော်မရှင်နှင့် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ရည်ရွယ်ထားကြောင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုနှင့်...
မော်စကို၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမီယာ ပူတင်သည် ယူကရိန်းအကျပ်အတည်း၊ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးကွက်နှင့် နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုဆိုင်ရာအကြောင်းအရာများကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် ဇူလိုင် ၁ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယူကရိန်းနှင့် ၎င်း၏ “အနောက်နိုင်ငံ ပံ့ပိုးသူများ”က...
ဝါရှင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား လေယာဉ်ဖျက်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပြင် ဒုံးကျည်စနစ်များ အဆင့်မြှင့်တင်ရန် ထပ်တိုးခဲယမ်းမီးကျောက်များ ပါဝင်သည့် လုံခြုံရေးအကူအညီအသစ်များ ပေးအပ်မည်ဟု ဇူလိုင် ၁ ရက်က ကြေညာခဲ့သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၂၀ ရှိသော လက်နက်အသစ်များသည် အပိုင်းနှစ်ပိုင်းဖြင့်...
မော်စကို၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) နော်ဝေနိုင်ငံ Spitsbergen ကျွန်းသို့ ကုန်စည်များတင်ပို့ခြင်းကို တားမြစ်လိုက်သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နော်ဝေသံရုံးယာယီတာဝန်ခံ Solveig Rossebo အား ဆင့်ခေါ်ခဲ့ကြောင်း ဇွန် ၂၉ရက် ထုတ်ပြန်ချက်၌ ဝန်ကြီးဌာနက ပြောကြားထားသည်။
မက်ဒရစ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) နေတိုး (NATO) အဖွဲ့၊ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက ဇွန် ၂၉ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ်၌ ကျင်းပသော ထိပ်သီးအစည်းအဝေး၌ “နေတိုး၂၀၂၂ခုနှစ်မဟာဗျူဟာမြောက်အယူအဆ”ကို အတည်ပြုခဲ့ပြီး ရုရှားက နေတိုးအဖွဲ့၏ “အကြီးဆုံးတိုက်ရိုက်ခြိမ်းခြောက်မှု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မော်စကို ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ထပ်ခါတလဲလဲ ချမှတ်ခဲ့သည့် အရေးယူမှုများအား တုံ့ပြန်သည့်အနေဖြင့် နောက်ထပ် အမေရိကန်နိုင်ငံသား ၂၅ ဦးအား ရုရှားနိုင်ငံသို့ ဝင်ရောက်ခြင်းမှ အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်တွင် ကြေညာခဲ့သည်။ အသစ်သတ်မှတ်လိုက်သော အမည်ပျက်စာရင်းသွင်းခံရသူများထဲတွင် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်၏...
ကိဗ် ၊ဇွန် ၂၆ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ ကိဗ်မြို့တော် Shevchenkivskyi ခရိုင်အတွင်း ယနေ့ ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲမှုများစွာဖြစ်ပွားခဲ့ကြောင်း ကိဗ်မြို့တော်ဝန် Vitali Klitschko က တယ်လီဂရမ်ချန်နယ်မှ တဆင့် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံမှ ပေးပို့သည့် ရွှေ့လျားမှုစွမ်းရည်မြင့်မားသော ဒုံးလောင်ချာစနစ် (HIMARS) သည် ယူကရိန်းနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်ဆိုင်ရာ ယူကရိန်းသံရုံးမှ ကြေးစားတပ်များ တရားဝင်ခေါ်ယူခြင်း...