ကုလသမဂ္ဂ ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း သို့မဟုတ် ယူကရိန်းနိုင်ငံသို့ လက်နက်များ အဆက်မပြတ် ထောက်ပံ့ပေးခြင်း မပြုကြရန် တရုတ်သံတမန်က ဇွန် ၆ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည်ဆိုပါက ရုရှားနိုင်ငံသည် သင့်လျော်သောဆုံးဖြတ်ချက်များ ချမှတ်သွားမည် ဖြစ်ပြီး ပစ်မှတ်အသစ်များကို ပစ်ခတ်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဇွန် ၅ ရက် ရုပ်သံတွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။
လန်ဒန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံ(ယူကေ) ၏ နန်းသက် အရှည်ကြားဆုံး ဘုရင်မကြီး အယ်လီဇဘတ် ၂ က သူ(မ) ၏ နန်းစံသက် နှစ်ပေါင်း ၇၀ ကြာ အခမ်းအနားဆင်နွှဲခဲ့ပြီးသည့်နောက်တွင် တိုင်းသူပြည်သားများအတွက် နိုင်ငံ့အကျိုးကို ဆက်လက်သယ်ပိုးသွားမည်ဟု ဇွန် ၅ ရက်၌...
အေသင် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဂရိနိုင်ငံ အေသင်မြို့၏ တောင်ဘက်ကမ်းခြေတစ်လျှောက်တွင် စနေနေ့ မွန်းလွဲပိုင်းမှ စတင်ကာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ယင်းတောမီးသည် လူနေရပ်ကွက်များအထိ ပြန့်နှံ့ချဉ်းကပ်ရောက်ရှိလာသဖြင့် မီးသတ်သမားများအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အာသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပါကစ္စတန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် ပါကစ္စတန် Gwadar East Bay အဝေးပြေးလမ်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန် ၃ ရက်တွင် ကျင်းပခဲ့သည်။Gwadar အဝေးပြေးလမ်း ဖွင့်လှစ်ခြင်းက Gwadar ဆိပ်ကမ်းဒေသ ပြင်ပဆက်သွယ်မှု လမ်းကြောင်း တရားဝင် ဖောက်လုပ်နိုင်ခဲ့သည့်...
မော်စကို၊ ဇွန် ၃ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒွန်ဘတ်စ်ဒေသသို့ အထူးစစ်ဆင်ရေးလုပ်ဆောင်မည် ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုရှားနှင်သံတမန်ဆက်ဆံရေးဖြတ်တောက်ကြောင်းနှင့် ယူကရိန်းတစ်နိုင်ငံလုံး စစ်ရေးအခြေအနေကြေညာခဲ့သည်။ ဒွန်ဘတ်စ်ဒေသနှင့် ယူကရိန်းအရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း စသည့် ဒေသများ၌...
ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ) အမေရိကန်သည် ဇွန် ၁ ရက်တွင် ယူကရိန်းအား ပေးအပ်မည့် စစ်ရေးအထောက်အပံ့ အသစ်တစ်သုတ်ကို ကြေညာခဲ့သည်။ အမေရိကန်အနေဖြင့် ယူကရိန်းအား ရုရှားနှင့် ဆွေးနွေးညှိနှိုင်းမှုတွင် ပိုင်နက်နယ်မြေနှင့် ပတ်သက်၍ နောက်ဆုတ်မှုများပြုလုပ်ရန် ဖိအားပေးမည်မဟုတ်ကြောင်း အမေရိကန်အရာရှိက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro...
ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ) ရုရှားနှင့်ယူကရိန်း ပဋိပက္ခသို့ အမေရိကန်နှင့် မြောက်အတ္တလန်တစ် သဘောတူစာချုပ်အဖွဲ့(NATO)က တိုက်ရိုက်ပါဝင်မည့် ဆန္ဒမရှိသလို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ရာထူးမှ ဆင်းပေးစေလိုသည့် ဆန္ဒမရှိကြောင်း ၊ရုရှားစစ်အင်အားလျော့ကျလာအောင် တိုက်ပွဲအချိန်ဆွဲထားရန်လည်း မစီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မေ ၃၁ ရက်တွင်...
ဝါရှင်တန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် လုံခြုံရေးအကူအညီအစီအစဉ်အသစ်အနေဖြင့် ယူကရိန်းနိုင်ငံသို့ တာလတ်ပစ် ဒုံးကျည်စနစ်များ ပေးပို့သွားမည် ဖြစ်ကြောင်း အဆင့်မြင့် အစိုးရအရာရှိများက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံ၏ အရှေ့ဘက်ခြမ်းရှိ ပစ်မှတ်များအား ပိုမိုတိကျစွာ ပစ်ခတ်နိုင်စေရန် မြင့်မားသောရွေ့လျားနိုင်မှုအမြောက်တပ်ဒုံးကျည်စနစ်များ(HIMARS) အပါအဝင်...
မော်စကို၊ ဇွန် ၂ ရက်(ဆင်ဟွာ) ရုရှားစစ်တပ် ၏ မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့လက်အောက်ရှိ Yars တိုက်ချင်းပစ်ဒုံးကျည်စနစ်ကို စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁ ရက် (ဗုဒ္ဓဟူးနေ့)တွင် ပြောကြားခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် စစ်ဘက်ဆိုင်ရာဝန်ထမ်း (၁,၀၀၀)ခန့် နှင့် စက်ပစ္စည်းကိရိယာ (၁၀၀)ကျော်...