ပေကျင်း၊ မေ ၁၁ ရက်(ဆင်ဟွာ) သွားလာရခက်ခဲမှုကြောင့် ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် (၂)သည် ဒေသစံတော်ချိန် မေ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ဗြိတိန်လွှတ်တော် နှစ်သစ်ဖွင့်ပွဲအခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ သူမ၏ နှစ်ပေါင်း ၆၀ နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အစဉ်အလာအခမ်းအနားသို့...
ဘရပ်ဆဲလ်၊ မေ ၁၁ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂသည် ယခုနှစ်အတွင်း ဆီးရီးယားသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၁.၅ ဘီလီယံအထိ တိုးမြင့်ထောက်ပံ့မည်ဟု ကတိပြုကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင်ကိုယ်စားလှယ် Josep Borrell က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ် ၊ မေ ၁၁ ရက်(ဆင်ဟွာ) ယူကရိန်းအစိုးရအဖွဲ့သည် ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားပိုင်ဆိုင်မှုများအား သိမ်းယူရေးကို အတည်ပြုခဲ့ကြောင်း ဝန်ကြီးချုပ် Denys Shmyhal က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မေ ၁၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) တွင် မကြာမီကျင်းပမည့် ယူကရိန်းနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးအား ရုရှားနိုင်ငံက ဘက်လိုက်မှုရှိသော အစည်းအဝေးဟု ဆိုလျက် ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက မေ ၁၀ ရက်တွင် ပြောခဲ့သည်။ “ကံမကောင်းစွာနဲ့ပဲ အထူးစစ်ဆင်ရေးရဲ့ မှန်ကန်တဲ့ရည်မှန်းချက်တွေ၊...
ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား ပဋိပက္ခနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
မော်စကို ၊ မေ ၁၀ ရက်(ဆင်ဟွာ) ၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲနေ့(V-Day) အထိမ်းအမှတ်အခမ်းအနားအဖြစ် မေ ၉ ရက်တွင် မော်စကိုမြို့ ရင်ပြင်နီ၌ ရုရှားနိုင်ငံက စစ်ရေးပြချီတက်ပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားပြီး ပဋိပက္ခအား ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် ဦးတည်ထားသော ကြိုးပမ်းအားထုတ်မှုများ စတင်လုပ်ဆောင်ချိန်မှစ၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပထမဆုံးထုတ်ပြန်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း၊ ယင်းထုတ်ပြန်ချက်အား အချိန် ၁၀ ပတ်ကျော်ကြာ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲရစ်၊ မေ ၈ ရက် (ဆင်ဟွာ) ပြင်သစ်သမ္မတ ရာထူးအပ်နှင်းခြင်းအခမ်းအနားကို မေ ၇ ရက်က အယ်လီဇေးနန်းတော်တွင် ကျင်းပခဲ့သည်။ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် မက်ခရွန်က လာမည့်သမ္မတသက်တမ်း ၅ နှစ်အတွင်း ပြင်သစ်နိုင်ငံအတွက် ပြောင်းလဲမှုအသစ်များ ဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်းနှင့် ပြင်သစ်နိုင်ငံအား ပိုမိုလွတ်လပ်အားကောင်းပြီး ဥရောပငြိမ်းချမ်းရေးလမ်းစဉ်သစ်များကို တွန်းအားပေး...
စိန့်ပီတာဘာ့ခ် ၊ မေ ၇ ရက် (ဆင်ဟွာ)
မော်စကို၊ မေ ၆ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်က Azovstal စက်ရုံမှ အရပ်သားများ ရွှေ့ပြောင်းရေးအတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံတစ်ခုကို ဖွင့်လှစ်ပေးသွားမည်ဟု မေ ၄ ရက်တွင်ကြေညာခဲ့သည်။ ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးက လက်နက်များတင်ဆောင်ထားသည့် နေတိုး (NATO) ၏ မည်သည့်ယာဉ်ကိုမဆို “တရားဝင်ဖျက်ဆီးရမည့်ပစ်မှတ်” အဖြစ် သတ်မှတ်ထားကြောင်းဆိုသည်။ ရုရှားနိုင်ငံ လူသားချင်းစာနာထောက်ထားမှု...