ဘူဒါပက် ၊ မေ ၃ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံအစိုးရအနေဖြင့် ရုရှားနိုင်ငံမှ ရေနံ နှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုအား ကန့်သတ်ပိတ်ဆို့ရေးကို ” မထောက်ခံ” ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ) ရုရှားသည် ယူကရိန်းရှိ အမေရိကန်စစ်တပ်၏ ဇီဝဓာတ်ခွဲခန်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွင်း အမေရိကန်အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီလုပ်ငန်းတာဝန်ရှိသူများပါဝင်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း ရုရှားအရာရှိက ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ နျူကလီးယားမပြန့်ပွားရေးနှင့် လက်နက်ထိန်းချုပ်ရေးအေဂျင်စီ အကြီးအကဲ Vladimir Yermakov က ရုရှားလွှတ်တော်မှလုပ်ဆောင်နေသည့်...
ဝါဆော၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ အစိုးရသည် ယူကရိန်းနိုင်ငံသို့ ဆိုဗီယက်ခေတ်ထုတ် T-72 ပင်မတိုက်ပွဲဝင်တင့်ကား အမြောက်အများ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် အနည်းငယ်နှင့် မောင်းသူမဲ့လေယာဉ်များ ပေးပို့ခဲ့ကြောင်း ပိုလန် လုံခြုံရေးအေဂျင်စီ အကြီးအကဲ Pawel Soloch က ဧပြီ ၂၉ ရက်တွင် သတင်းအစီအစဉ်တစ်ခု...
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ရုရှားအထူးစစ်ဆင်ရေး စတင်ပြီး ယူကရိန်း၏ အဓိကဆိပ်ကမ်းများ ပိတ်လိုက်ရခြင်းကြောင့် လူအများက စားသောက်ကုန်တင်ပို့သည့် နိုင်ငံကြီးက ကုန်ပစ္စည်းများအဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်မှု ရှိမရှိကို အာရုံစိုက်ဂရုပြုကြသည်။ ထိုအပေါ် ယူကရိန်းက စားသောက်ကုန်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော်ကာ အိမ်နီးချင်းနိုင်ငံ ရိုမေးနီးယားသို့ ပို့ဆောင်ပြီး ရိုမေးနီးယား ပင်လယ်နက်ဆိပ်ကမ်းမှတစ်ဆင့်...
မော်စကို၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက လက်တုံ့ပြန်သောအားဖြင့် အိုက်စ်လန်းမှ လူပုဂ္ဂိုလ် ၉ ဦး၊ ဂရင်းလန်းမှ ၃ ဦး၊ Faroe Islands မှ ၃ ဦးနှင့် နော်ဝေမှ ၁၆ ဦးတို့အား ပြည်ဝင်ခွင့်ပိတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၉...
အော့တဝါ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ အစိုးရက မကြာမီ ယူကရိန်းနိုင်ငံ၌ သံရုံးပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joly က ပြောကြားခဲ့သည်ဟု ဒေသတွင်း မီဒီယာက ဧပြီ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။ Joly က လာမည့်ရက်များ၊...
မော်စကို၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ရုရှားသည် ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့(UNWTO)မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၇ ရက်တွင် ၎င်း၏ဝက်ဘ်ဆိုက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ UNWTO သည် လက်တွေ့တွင် ဥရောပသမဂ္ဂနိုင်ငံများ၏ လက်ဝါးကြီးအုပ်မှုကို ခံနေရပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာ အသုံးချနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။...
ဘရပ်ဆဲလ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) အနေဖြင့် အဖွဲ့ဝင်နိုင်ငံများထံ ရုရှားနိုင်ငံက ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဧပြီ ၂၇ ရက်က ပြောကြားခဲ့သည်။ ရုရှား...
မော်စကို၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) ယူကရိန်း အထူးစစ်ရေးလှုပ်ရှားမှုကို ပြင်ပမှ စွက်ဖက်ရန် ကြိုးပမ်းပြီး ရုရှားအတွက် လက်မခံနိုင်စရာ မဟာဗျူဟာခြိမ်းခြောက်မှု ဖြစ်လာမည်ဆိုပါက ရုရှားအနေဖြင့် လျှပ်တစ်ပြက် လျင်မြန်စွာ တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ရုရှားသမ္မတ ပူတင်က ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။...
မော်စကို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်သည် အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂ (UN) အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ယူကရိန်းနိုင်ငံ အရေးဆွေးနွေးရန် ကရင်မလင်နန်းတော်၌ ဧပြီ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။