ချုံချင့်၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ကုန်း-ရေ နှစ်သွယ် ချိတ်ဆက်ထားသော လမ်းကြောင်းသစ်တွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့အဆောင်ရေး “ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ” ရထားကြီးသည် ဧပြီ ၂ ရက်က ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ ပထမဆုံး စတင်ထွက်ခွာခဲ့သည်။ ၎င်းသည် ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်သွားရောက်မည့် လမ်းကြောင်းသစ်ကို...
မော်စကို၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒက်ဆာမြို့အနီးရှိ ရေနံချက်စက်ရုံတစ်ရုံနှင့် လောင်စာဆီသိုလှောင်ရုံ ၃ ခုကို ရုရှားစစ်တပ်က ဧပြီ ၃ ရက် နံနက်ပိုင်းတွင် ဒုံးကျည်ဖြင့် ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ယင်းနေ့တွင် ဖော်ပြခဲ့သည်။
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံက ကိဗ်ဒေသတစ်ခုလုံးကို ထိန်းချုပ်မှု ပြန်လည်ရရှိသွားပြီ ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ဒုတိယကာကွယ်ရေးဝန်ကြီး Maliar က ဧပြီ ၂ ရက်တွင် ဖေဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံနှင့် ပဋိပက္ခတိုက်ပွဲတွင် တစ်လ စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာဘီလီယံ ၁၀ ခန့် သုံးစွဲခဲ့ကြောင်း သမ္မတရုံး ပြန်ကြားရေးဌာနက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယခုရက်သတ္တပတ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပပြုလုပ်သော ယူကရိန်း – ရုရှား အစီးအဝေးပွဲအတွင်း ညှိနှိုင်းဆွေးနွေးခဲ့သော သဘောတူညီချက်မူကြမ်းများသည် ယူကရိန်းသမ္မတ နှင့် ရုရှားသမ္မတတို့ တွေ့ဆုံဆွေးနွေးရန်အတွက် ယခုအခါ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် David Arakhamia က ဧပြီ...
မော်စကို၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ဒွန်ဘတ်စ်ဒေသနှင့် ရုရှားနိုင်ငံရှိ နေထိုင်သူများအား တိုက်ခိုက်ရန် ပင်တဂွန်က ရန်ပုံငွေထောက်ပံ့ထားသော ဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲခန်းများ၌ ထုတ်လုပ်ထားသည့် လူကိုသေစေနိုင်သောရောဂါပစ္စည်းများကို အသုံးပြုရန် ကိဗ်က စီစဉ်ထားကြောင်း ဖော်ပြထားသည့် အထောက်အထားသက်သေကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက တွေ့ရှိထားကြောင်း RT ရုပ်သံကွန်ရက်ထုတ်ဆောင်းပါးအရ သိရသည်။
ကိဗ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင်များအား ယူကရိန်းနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသ၊ ကိဗ်နှင့် ချာနီဟိဗ် လမ်းကြောင်းအသီးသီးမှ ယူကရိန်း အရှေ့ပိုင်း ဒေသများဆီသို့ ပြောင်းရွှေ့နေရာချထားကြောင်း ယူကရိန်းအမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Oleksiy Danilov က မတ်...
မော်စကို၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် အမေရိကန်နိုင်ငံက ထိန်းချုပ်ထားသော ဇီဝဓာတ်ခွဲခန်းများကို စုံစမ်းစစ်ဆေးရန် လုပ်ငန်းအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာလျက် ရုရှား ကနဦးကော်မရှင်က ပထမဆုံးအစည်းအဝေးကို မတ် ၃၁ ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။ ယူကရိန်းနိုင်ငံတွင် အမေရိကန် ကျွမ်းကျင်သူများက ဇီဝဗေဒဆိုင်ရာ...
ဘရပ်ဆဲလ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံရှိ ရုရှားတပ်ဖွဲ့သည် စစ်အင်အားများ ပြန်လည်နေရာချစုစည်းကာ ဒွန်ဘတ်စ် ဒေသသို့ အသစ်ထိုးစစ်ဆင်မှု ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် ကိဗ်အနီးနှင့် ယူကရိန်းမြောက်ပိုင်း...
ပေကျင်း၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့များက ဧပြီ ၁ ရက်တွင် အွန်လိုင်းစေ့စပ်ဆွေးနွေးမှု ပြန်လည်စတင်မည်ဖြစ်ကြောင်း Ukrinform သတင်းအေဂျင်စီက ယူကရိန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ မတ် ၃၁ ရက်တွင် ဖော်ပြထားသည်။ “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”နှင့် သဘာဝဓါတ်ငွေ့ကုန်သွယ်ရေးကို ရူဘယ်ငွေဖြင့်တွက်ချက်သည့်အမိန့်တစ်ရပ်အား ရုရှားသမ္မတ...