ကိဗ် ၊ မတ် ၂ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူခြင်းများ တိုးမြှင့်ရန် နှင့် ယူကရိန်းနိုင်ငံသို့ လက်နက် နှင့် ဘဏ္ဍာရေးအထောက်အပံ့များ ပိုမိုပံ့ပိုးပေးရန် ပိုလန် ၊ ပြင်သစ် နှင့် ဂျာမနီနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအား မတ် ၁...
ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ) ရုရှားနှင့်ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များ၏ နောက်တစ်ကြိမ် စေ့စပ်ညှိနှိုင်းမှုကို မတ် ၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရုရှားမီဒီယာများ၏သတင်းများအရ သိရသည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးDmytro Kulebaက ယူကရိန်းအနေဖြင့် ဤကဲ့သို ညှိနှိုင်းဆွေးနွေးမှုများ လိုအပ်သော်လည်း ရုရှား၏ “နောက်ဆုံး ရာဇသံ”ကို လက်ခံမည် မဟုတ်ကြောင်း မတ်...
တောလင်း ၊ မတ် ၂ ရက်(ဆင်ဟွာ) အက်စတိုးနီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် မြောက်အတ္တလန္တိတ်သဘောတူစာချုပ်(နေတိုး)အဖွဲ့အကြီး Jens Stoltenberg က လက်ရှိဖြစ်ပွားလျက်ရှိသော ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရေး သံတမန်နည်းလမ်းအားထုတ်မှုများ လုပ်ဆောင်ကြရန် မတ် ၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ) နိုင်ငံတကာအသိုက်အဝန်းက ရုရှားကို “no-fly zone”သတ်မှတ်ရန် ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၈ ရက်တွင် တိုက်တွန်းခဲ့သည်။ ထိုအဆိုပြုချက်အပေါ် အမေရိကန်၏ တုန့်ပြန်မှု မှာ အေးစက်ခဲ့ရာ ထိုသို့လုပ်ဆောင်ပါက အမေရိကန်နှင့်ရုရှား “တိုက်ရိုက် ပဋိပက္ခ”ဖြစ်ပွားနိုင်ကြောင်း ဆိုသည်။
မော်စကို၊ မတ် ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ရှင်းလင်းပြတ်သားသော အောင်မြင်မျိုး ရရှိခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းမှုများကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ မတ် ၁ ရက် (ဆင်ဟွာ) ရုရှားခရီးသည်တင်လေယာဉ်တစ်စင်းသည် ဂရိလေပိုင်နက်အတွင်းသို့ ဝင်ရောက်ရန် ငြင်းဆိုခံရပြီးနောက် အစ္စတန်ဘူလ်မြို့ လေဆိပ်၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆင်းသက်ခဲ့ရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
မော်စကို၊ မတ် ၁ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့၊ မြောက်ပိုင်း ရေတပ်နှင့် ပစိဖိတ်ရေတပ်၊ တာဝေးလေကြောင်းစစ်သည်အင်အားကို အားဖြည့်ထားပြီး တိုက်ပွဲဝင်အသင့်အနေထားစတင်နေပြီဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoyguက ဇန်နဝါရီ ၂၈ ရက်တွင် ရုရှားသမ္မတ ပူတင်ကို အစီရင်ခံခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။ရုရှားစစ်တပ် မဟာဗျူဟာ...
ပေကျင်း၊ မတ် ၁ ရက်(ဆင်ဟွာ) ရုရှား ကိုယ်စားလှယ်အဖွဲ့နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံ Gomelဒေသတွင် ပြုလုပ်ခဲ့သည်။ယင်းနေ့တွင်ပင် ပြင်သစ် သမ္မတ မိုက်ခရွန်က ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့နှင့် သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။
ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းအဆုံးသတ်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
မော်စကို ၊ မတ် ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများအား ရုရှားနိုင်ငံ၏ လေပိုင်နက်အသုံးပြုခြင်းမှ ပိတ်ပင်လိုက်ကြောင်း လေကြောင်းတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။