မော်စကို ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားနှင့် ဆွေးနွေးရန်အတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း Sputnik သတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ယူကရိန်းနှင့်ရုရှား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ တွင် ရုရှား၌လိုအပ်သည့်အရင်းအမြစ်များပိုင်ဆိုင်ပြီး ဘဏ္ဍာရေးတည်ငြိမ်အောင်၊ ဘဏ္ဍာရေးကဏ္ဍလုပ်ငန်းများ လည်ပတ်မှု အာမခံရှိစေအောင် ဆောင်ရွက်၍ ရကြောင်း ဆိုသည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင် အချို့က ကိဗ်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိဗ်မြို့ပေါ်နှင့် ဆင်ခြေဖုံးဒေသများသည် ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မအင်အားက ယနေ့တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းက...
ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မိတ်ဖက်နိုင်ငံများက ယူကရိန်းနိုင်ငံကို ကူညီရန် လက်နက်များ ပေးပို့လျက်ရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) က ဖေဖော်ဝါရီ ၂၆ ရက်၌ ပြောကြားခဲ့ပြီး ၎င်းနှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) မှ ခေါင်းဆောင်များက ယူကရိန်းနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၅ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က နေတိုးအနေဖြင့် လိုအပ်သော အခြေအနေအောက်တွင်...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်သည် ယူကရိန်းနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ ၈၂၁ ခုကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) …………………………… (English Version) Urgent:...
ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky သည် ကိဗ်မြို့တော်တွင် ရှိနေဆဲဖြစ်ကြောင်း ပြည်သူများအား စိတ်ချလက်ချရှိစေရန် ဖော်ပြလျက် ဖေဖော်ဝါရီ ၂၅ ရက်က လူမှုမီဒီယာပေါ်တွင် ဗီဒီယိုတစ်ခု တင်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့အားလုံးဒီမှာရှိပါတယ်။ ကျွန်တော်တို့ တပ်တွေ ဒီမှာ...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ Melitopol မြို့ကို ရုရှားစစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားမရိန်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် Azov လူနေရပ်ကွက်အတွင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် Melitopol မြို့သို့...